Ep~6

8.6K 1.1K 31
                                    

"Arjushi..ကျ​တော့်​ကားကိုသွားထားလိုက်​...
ခဏ​နေ..."

Chanyeol သူ့တို့အိမ်​မှခြံ​စောင့်​ ဦး​လေးကြီး ကိုကား​သော့​ပေးလိုက်​ကာ ​ဘေးခုံမှအိပ်​​နေ​​သော baekhyunne ကို​ပွေ့ချီိလိုက်​သည်​...

က​လေး ကဖျားပြီး​မှေး​နေတာချီလိုက်​တာ​တောင်​မနိုး...

ခုနကကျ​တော်​စိတ်​တိုတိုနဲ့ ​မြောင်​ဝူ​ဆေးရုံအုပ်​ရဲ့ရုံးခန်းထဲအထိဝင်​ပြီး​သောင်းကျန်းခဲ့တယ်​...

ဖျား​နေတဲ့က​လေးကို ​သော့ပိတ်​ထားပြီးဖြစ်​ချင်​တာဖြစ်​ဆိုတဲ့သ​ဘောမျိုးနဲ့ပစ်​ထားတာ...
ဘယ်​​လောက်​​ဒေါသထွက်​ဖို့​ကောင်းလဲ...

ဒီလိုလူမျိုး​တွေကလူနာ​တွေကိုကုသ​နေဆရာဝန်​​တွေတဲ့လား?

Foundation ကိစ္စ​တောင်​ပြန်​စဉ်းစားရမယ်​...
နောက်​ပိုင်း​တွေ...

..

Baekhyunne ကိုအရင်​ဆုံးကျ​တော့်​အခန်း ထဲမှာပဲထားရမယ်​...

နောက်​မှအခန်း​လေးတစ်​ခန်း​ပြောင်းထား​ပေးရမယ်​..
သေချာပြင်​ဆင်​​ပေးပြီး​တော့မှ...

Chanyeol baekhyunne ကို​ဆေးရုံအခန်း ထဲတွင်​ထပ်​မထားခဲ့ချင်​၍ သာသူ့အိမ်​​ခေါ်လာ ခဲ့တယ်​...

တကယ်​​တော့ အိမ်​မှာ baekhyunne အတွက်​ဘာမှမပြင်​ဆင်​ရ​သေး...

မှေးစက်​​နေ​သော က​လေး​လေးကိုအိပ်​ရာထပ်​တွင်
ဖြေး​ဖြေး​လေးချလိုက်​​တော့မျက်​လုံး​မှေး​မှေး​လေး
လေးကတစ်​ဝက်​​ပွင့်လာ​ကာ ကျ​တော့်​ကိုကြည့်​တယ်​..

"Kyunne...နိုးရင်​ခဏထ...​ဆေး​သောက်​ရမယ်​.."

ဆေးဆို​သော စကားကိုကြား​တော့မျက်​နှာ​လေးမဲ့ကာမျက်​လုံးပြန်​မှိတ်​သွား​လေသည်​...

ဒီက​လေးက​တော့ ​ဆေး​ကြောက်​တာ​တော်​ရုံမဟုတ်​ဘူး...
ခဏ​နေမှပဲ​ချော့ပြီး​ဆေးတိုက်​ရ​တော့မှာ​ပေါ့...
အခု​တော့အိပ်​ပါ​စေပါအုံး​လေ...

Chanyeol အခန်းအပြင်​ဖက်​ကိုထွက်​လိုက်​ကာ
ဖုန်းနံပါတ်​ တစ်​ခုကိုနှိပ်​လိုက်​၏...

My Baby Baekhyunne(Completed)Where stories live. Discover now