Nape (12th Inch)

1.3K 158 36
                                    

သောကြာနေ့ ညနေပိုင်းတွေမှာ ဦးထုပ်ဆောင်း၊ Mask တပ်ထားတဲ့ JongIn ရဲ့ လက်မောင်းကိုချိတ်ပြီး အိမ်နဲ့မလှမ်းမကမ်းဆီက ရပ်ကွက်ဈေးလေးမှာ ဈေးဝယ်ထွက်ပြီး ညနေစာအတူတူ ချက်ပြုတ်စားရတာက ကျမတို့နှစ်ယောက်ရဲ့ ဘယ်တော့မှမငြီးငွေ့နိုင်မဲ့ အလေ့အထဖြစ်သည်။

ဒီနေ့လည်း သောကြာဖြစ်တာမို့ အိမ်နားကဈေးလေးဆီ သွားဖို့အတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။ ရပ်ကွက်ဈေးဖြစ်တာက တစ်ကြောင်း၊ လူသတိထားမိမှာဆိုးတာက တစ်ကြောင်းရယ်ကြောင့် ကျမတို့နှစ်ယောက်လုံး သိပ်ထင်ထင်ရှားရှားဖြစ်အောင် ဝတ်လေ့မရှိကြ။ ဝတ်ခဲ့ရင်တောင် ထိုရပ်ကွက်ဈေးလေးက အဒေါ်ကြီးတွေသာ အလာများတာကြောင့် ကိစ္စတော့မရှိ။

"သွားမယ်လေ"

ဝယ်မှာတွေစာရင်းလုပ်နေသော ကျမအနားကို အပြုံးနဲ့ကပ်လာကာ လာခေါ်တော့ ကျမခေါင်းညိတ်ပြပြီး ပိုက်ဆံအိတ်ဆွဲကာ ထွက်လာခဲ့သည်။

"ဒီနေ့ဘာလုပ်စားကြမလဲ JongIn"

သူ့လက်မောင်းကို အသာချိတ်ရင်း မျက်ဝန်းတွေကိုမော့ကြည့်ပြီး သူ့သဘောကိုမေးလိုက်မိသည်။

"အင်း……ဘာပဲဖြစ်ဖြစ်"

"JongIn စားချင်တာ တစ်ခုခုမရှိဘူးလား?.…"

"ရတယ် ကိုယ့်အချစ် ချက်ပေးထားတာဆိုရပြီ"

"Aigoo…Kim Jong Cheesy ssi"

ကျမ သူ့လက်မောင်းကို မနာအောင် အသာထုကာ နှာခေါင်းရှုံ့ရင်း ပြောတော့ သဘောတကျ ရယ်ပြန်သည်။ နောက်တော့ သူ့လက်မောင်းကိုဖက်တွယ်ထားတဲ့ ကျမလက်တွေပေါ် လက်နဲ့အုပ်မိုးကိုင်ပြီး ရောက်တတ်ရာရာစကားတစ်ချို့ပြောရင်း ရပ်ကွက်ဈေးလေးဆီ ဆက်ထွက်လာခဲ့ကြသည်။

-----------

"အမဲသား ဝယ်ရအောင်"

"စားချင်လို့လား"

အမဲသားဆိုင်ရှေ့ကအဖြတ် ငုံ့ကြည့်ပြီးပြောလာတဲ့ JongIn ကို ကျမပြန်မော့ကြည့်လိုက်ရင်း မေးလိုက်သည်။

"အင်း"

ခေါင်းကို တဆတ်ဆတ် ငြိမ့်ကာဖြေသည့် ပုံစံက တကယ်ကိုချစ်စရာပါပင်။

My Love,Kim JongIn(Every Inch of you)Where stories live. Discover now