As Long As U Stay With Me

13.2K 753 48
                                    


Fin~~

Yeol စိုးထိတ်မှု့တွေနဲ့ အတူ ရောက်သွားတော့ သတို့သား အခန်းက ပွင့်လျက်..
ရုန့်ရင်းဆန်ခတ်သော အခြေအနေ တချို့.. ခြေရာ တချို့ တို့ကသာ မင်းမူလျက်...

Yeol : Baek ဘယ်မှာလဲ။.....

ကိုယ်လုံးပေါ် မှန်မှာ lipstick ခပ်ရဲရဲ နဲ့ ရေးခဲ့သော စာကြောင်းတချို့......

ဘေးနား ဘယ်သူမှ မရှိတော့တဲ့ ဘဝကြီးကို တယောက်တည်း ဖြတ်သန်းစေရတော့မယ် ထင်တယ်.. နောက်ဆုံးချိန်ထိ Yeol ဘေးမှာ မနေပေးနိုင်တော့ လို့ တောင်းပန်တယ်..

ကျွန်မ မရတဲ့ အရာ တခု တခြားသူလဲ မရစေရဘူး.. မိုးပေါ်မှာသာ တောက်ပ နေပါ.
Park Chan Yeol !
အတ္တ များနဲ့ Jiyoung

Yeol appa : Jiyoung ဆိုတာ ဟိုကလေးမ..

Yeol : Appa.. Jiyoung ဆီ သွားရမယ်...နောက်ကျလို့ မဖြစ်ဘူး...

Baek ဦးလေးကိုတော့ ဧည့်ခံပွဲ ထိမ်းရန် ထားခဲ့ပြီး Appa ကရဲစခန်း သွားတိုင်တော့သည်။..

Yeol ကသာ Jiyoung နေအိမ်သို့.....
Yeol ဒီလိုတွေ ဖြစ်မယ်မှန်းသိလို့ Jiyoung က Baek နားက ထုတ်ပစ်ခဲ့တာ..

Baek ဆီ ယုန်သေ ပို့သော နေ့က ပုံးထဲက ထွက်လာသော နှင်းဆီ နီနီ တပွင့်ကြောင့် သူ သံသယ ဝင်ခဲ့တာ..
နှင်းဆီနီအား တရှိုက်ရှိုက် မက်မက် သူမ နမ်းရှိုက်စဉ်က သူ မေးခဲ့တော့...

နှင်းဆီနီ ရဲ့ အနီရောင် နဲ့ ရက်စက်တတ်သော ဆူးတွေကို ကြိုက်လို့တဲ့လေ..

ထိုသို့ ဖြေခဲ့စဉ် တုန်းက သူမ မျက်ဝန်းတွေ အရောင်တလက်လက် ထ နေခဲ့တာကိုသူ မြင်ပြီးတည်းက စိတ်ထဲ ခု နေခဲ့လို့ ခုလို လုပ်ခဲ့တာ..

သူ့ လုပ်ရပ်က သူမ ကို ပိုလို့ပင် သွေးဆိုးစေခဲ့သလားပင်.. မင်္ဂလာ ပွဲနေ့ကိုတောင် မကြောက်မရွံ့ လာဝံ့ ခဲ့သည် မလား....

Jiyoung အိမ်ရှေ့ ရောက်တာနဲ့ တံခါးခေါက်လိုက်မိသည်။. ထူးဆန်းတာက တံခါးက ဖွင့်လျက်....

တစုံတယောက်မှ မရှိ. လင်းချင်းနေသော အခြေအနေ မို့ Yeol အပေါ်ထပ် သို့ ဆက်တက်လာခဲ့သည်။..

လှုပ်ရှားမှု့ တခုမှမတွေ့ရ.. ရုတ်တရက် ပိတ်ထားသော တံခါးတချပ်. တံခါးနောက်ကွယ်မှာ ဘာရှိနေမလဲ သိချင်လာတာမို့ တွန်းဖွင့်ကြည့် လိုက်တော့ ကလစ် ဆိုသော အသံ နဲ့ တံခါး ပွင့်လာလေသည်။...
ထို အခန်းထဲတော့ မှောင်မည်းနေတာကြောင့် မီးခလုပ်စမ်းကာ ဖွင့်လိုက်တော့...

You've reached the end of published parts.

⏰ Last updated: Aug 28, 2016 ⏰

Add this story to your Library to get notified about new parts!

As Long As U Stay With Me!Where stories live. Discover now