Just two of us

10.8K 809 11
                                    

Ep 8

Yeol : ဟဲလို... Baek

တဖက်မှ ပြန်ဖြေသံ မကြားရ။ Yeol ရဲ့ စိုးရိမ်မှု့တွေ ငယ်ထိပ်စောင့်တက် လာမိသည်။..

Yeol : Baek ဘာဖြစ်နေတာလဲ။ တခုခု ဖြစ်နေတာ ကျိန်းသေတယ်။

သူ Baek ဖုန်းက GPSရှိတဲ့ နေရာ ကို လိုက်ရှာ နေမိသည်။...

Yeol : Baek  Baek.. ဘာမှမဖြစ်ရဘူး.. ကိုယ့်ကြောင့်.. ကိုယ်ကြောင့် ..

ညလေပြေနဲ့ နှင်းမှုန်တွေပါ ကြွေလွင့် လာသည်။ နှင်းမှုန် အလှ ကို မခံစားနိုင်ပဲ ရင်ထဲမှာပါ အပူ တမြေ့မြေ့ လောင်ကျွမ်းနေသူ တဦးရဲ့ ကားလေး ကတော့ ကားလမ်းမ ပေါ် ပြေးလွှားလျက်....

♥As Long As U Stay With Me♥

Baek သတိရလာသည့် တိုင် ခေါင်းထဲ မှာ မူးနောက်နောက်.. ခုထိ မေ့ဆေး အရှိန် မပြယ်သေးပုံရသည်။ မျက်လုံး ဖွင့်ကြည့်မိတော့ ဘာမှမမြင်ရ.. မှောင်မဲနေသည်။ မျက်လုံးကို အဝတ် နဲ့ စည်းထားပုံရသည်။ လှုပ်ကြည့်တော့ လဲ လက်နွေ ခြေတွေပါ ကြိုးတုပ်ခံ ထားပုံရသည်။
ဖုန်နံ့ နဲ့ မှိုနံ့ လိုလို အနံ့ တွေ ရနေတာကြောင့် လူသူ ပြတ်တဲ့ နေရာ တခု ထဲ ဖမ်းခေါ် ခံလာရမှန်း သိလိုက်ရသည်။..

ခန ကြာတော့ စကားသံ အချို့...

Soo Man : သူ့ ကို ဆက်သွယ် လိုက်ပီလား။

Man : nae. ဆက်သွယ်လိုက်ပါပီ။ မကြာခင် လာ လိမ့်မယ်။...

Soo Man : ကောငိးတယ်.. တချက်ခုတ် နှစ်ချက်ပြတ်.. အဆင်ပြေလိုက်လေခြင်း... သွား.. အပြင်မှာ ဟိုကောင်တွေ နဲ့ သွားစောင့်ပေး လိုက်အုံး..

ခြေသံ တရှပ်ရှပ် ကြားရပီး ကျန်ခဲ့သော
ထိုသူက Baek ဘက်ကို စကားလှည့်ပြောသည်။.

Soo Man : ကောင်လေး..ငါ့ ကို မှတ်မိရဲ့လား.. မင်း ဦးလေး Byun Ji Hyun လိမ်သွားတဲ့ ငွေပိုင်ရှင်လေ...

Baek : ခင်ဗျား လား... ကျွန်တော် အခု ပြန်ဆပ်နိုင်ပီ။ ကျွန်တော့ ကို လွှတ်ပေး..ခုချက်ချင်း ပြန်ဆပ်မယ်..

Soo Man : No. No. ခုမှ မရတော့ဘူး.. အ့ ပိုက်ဆံ ထက် ပိုများတဲ့ ငွေတွင်းကြီး ကို တွေ့ထားလို့...
မင်း ငါတို့ ရှာမတွေ့အောင် ခြေရာ ဖျောက် နိုင်တယ်များ မှတ်နေလား.. မင်း ကို ရှာချင်ရင် အလွယ်လေးပဲ။...

As Long As U Stay With Me!Where stories live. Discover now