U look so beautiful in white...

9.4K 454 3
                                    

Ep 3..

Baek : အ့.. ခင်ဗျား.. အဲ.. Yeol..

Yeol : ငြိမ်ငြိမ်နေ....

Yeol ပြောပီး Baek ရဲ့ လက်သွယ်သွယ် တို့ကို သူ့နှုတ်ခမ်း ပါးပါးတို့ဖြင့် သွေးတိတ်စေရန် ပြန်လည် စုပ်ယူလိုက်သည်။..

Baek pov : သူ့ နှုတ်ခမ်းနဲ့ ထိတွေ့ နေတဲ့ ကျွန်တော့ လက်ထိပ်လေးက သိပ်ကို နွေးထွေးနေတာ ကျွန်တော် ကိုယ်တိုင်ပဲ သိနေတယ်လေ...
သတိထား.. Byun Baekhyun .သူက သူ့အလို ပြည့်ဖို့ လုပ်နေတာ.. မင်းလဲ အကြွေးဆပ်ဖို့ အလုပ်လုပ် နေတယ်ဆိုတာ ခေါင်းထဲထည့်ထား.....

အတွေး ထူးထူးဆန်းဆန်း တို့ကို မောင်းထုတ်လိုက်ပီး သူ့ကို ကြည့်လိုက်တော့ မီးဖိုချောင်ထဲက ပြန့်ကျန့်နေတဲ့ အရာတွေကို သိမ်းဆည်းနေပီ..

Yeol : မင်း.. အိမ်ရှေ့သွားနေတော့. နောက်တခါ ဘာထပ်ဖြစ်မယ် မသိဘူး.. ဆေးသေတ္တာ ယူလာခဲ့မယ်..

Baek : အင်း...

Baek လဲ အိမ်ရှေ့က ဆိုဖာ လေးပေါ်မှာ ထိုင်နေတုန်း Yeol ဆေးသေတ္တာနဲ့ ရောက်လာသည်။. အရက်ပြန် ပုလင်းလေး ထုတ်ပီး..

Yeol : မေးခိုင်ပိုး မဝင်အောင် အရက်ပြန်နည်းနည်း လောင်းရမယ်. ခနတော့ စပ်မယ်....

Baek : အ့....အ့.. စပ်တယ်.. :'(

Yeol သူ့ အင်္ကျီစကို လာဆွဲရင်း မျက်ရည်လေးဝိုင်းကာ ရှုံ့မဲ့မဲ့ ဖြစ်နေသော ကောင်လေးကို တချက်ကြည့်ရင်း..ဆေးအမြန်လိမ်းလိုက်ရသည်။..

Yeol : ရပီ. အရေပြား ကွဲထွက်သွားတာ နည်းတာ မဟုတ်ဘူး.. အမာရွတ်ကျန်ခဲ့ရင် ဘယ်လို လုပ်မလဲ။..မင်း ဒီမှာ ပဲ ထိုင်နေတော့. ငါ ညစာ သွားပြင်လိုက်အုံးမယ်....

Baek pov : ဒီလို ဆိုတော့လဲ Park Chan Yeol က မဆိုးပါဘူး..

ညစာ စားသောက်ပီးတော့..

Yeol : နောက်၂ရက်နေရင် Jeju ကျွန်းမှာ Shotting ရှိလိမ့်မယ်. မင်းပါ လိုက်ခဲ့ရမယ်. အင်္ကျီတွေ ဘာတွေ ကြိုထည့်ထား..

Baek : wow! Jeju လား.. ပျော်စရာကြီး. ဟီးဟီး.... ကျွန်းအနှံလျှောက်လည်မယ်.. ရေကူးမယ်.. ပင်လယ်စာတွေ စားမယ်..

Yeol ကတော့ သူ လုပ်ချင်တာတွေ ပြောနေသော ကောင်လေး ပိစိ ကို ခေါင်းခါရင်း သူ့အခန်းထဲ သို့ ဝင်လာခဲ့သည်။..

As Long As U Stay With Me!Where stories live. Discover now