He is My Soul..

9.1K 663 15
                                    


Ep 16..

အပြင်က ဆီးနှင်း များနှင့် ခေါင်မိုးတို့ ထိစပ်ရာမှ ထွက်ပေါ်လာသော အသံ တဖြောက်ဖြောက် မှ လွဲ၍ အရာအားလုံး တိတ်ဆိတ်လျက်....

Baek တို့ အိပ်ခန်း အတွင်းမှာတော့..
Baek က Yeol နား ဘေးတစောင်းလှဲကာ Yeolအား ဖက်ထားရင်း  ကျောပြင်အား ခပ်ဖွဖွ ပုတ်သိပ်ပေးနေလေသည်။..

Yeol ကတော့ မျက်နှာမှ မီးငွေ့ဟပ်သော ဒဏ်ရာ တချို့ကို ပလာစတာ ကပ်ထားကာ  မျက်ဝန်းတို့ မှေးစက်နေပေမဲ့ ခပ်ချောချောသူ့ မျက်နှာမှာ အနည်းငယ် ကြည့်ရအဆင်မပြေ..
နှစ်ခြိုက်စွာ အိပ်ပျော်နေသလို ထင်ရပေမဲ့ တချက် တချက် ထထ အော်တတ်သော
"Baek ပြန်လာပါ" ဆိုသော စကားသံ ကြောင့် Baek ခုထိ နေရာက မလှုပ်ရဲသေး...

ညနေက အဖြစ်အပျက်တို့ ကBaek အတွေးထဲ  ပြန်လည် မြင်ယောင်လာမိသည်။..

Flash back.....

Yeol ထွက်သွားပီး သိပ်မကြာမီ Baek ရေခဲချောင်း စားချင်စိတ်က ထိန်းမရ..
ဆောင်းအေးအေး နှင့် ရေခဲချောင်းစားရသော အရသာက တမျိုး ထူးလှလေသည်။..

Yeol ပြန်မလာခင်လေး ဒီနားက mart လေးဆီ ခန ထွက်ကာ ရေခဲချောင်း ထွက်ဝယ်သည်။..

ပြန်လာတော့ သူတို့ ကားနား လူတွေ ဝိုင်းအုံ နေပီး မီးလောင်နေသော သူတို့ ကားထဲ အတင်းဝင် နေသော  Yeol..
သူ့ ကို အသည်းအသန် လိုက်ဆွဲနေသော manager hyung..

Yeol : Baek! Baek...
လွှတ်. ကျွန်တော့ကို. သူ ကားထဲမှာ...

Baek pov : ဟင်.. ဘာတွေလဲ။. ကျွန်တော်. ဒီမှာ....

Baek : Yeol .. Baek  ဒီမှာ..
ရေခဲချောင်း စားချင်လို့ ဆင်းဝယ်နေတာ...

ထိုအခါကျမှ စောစောက အသည်းအသန် လှုပ်ရှားရုန်းကန် နေသော Yeol ငြိမ်ကျသွားပီး Baek ကို ကြည့်ကာ နေရာမှာတင် ထိုင်ကျ သွားသည်။..

Baek သူ့ ဆီ အပြေးလေး သွားပီး ထိုင်ချလိုက်တော့....

Manager Hyung : အထဲမှာ မင်း ရှိတယ်ဆိုပီး အတင်းဖွင့်ဝင်မယ် လုပ်နေတာ..
ကြည့်ရတာ ကားတံခါး တွေ အလုံပိတ်ပီး ကားထဲကို မီးရှို့ ခဲ့ပုံပဲ။  တံခါးဖွင့် ဝင်ရင် Yeol ပါ ထိကုန်မယ်ပြောတာ နားမထောင်ဘူး...
မျက်နှာ ပေါ်တော့ မီးဟပ်မိကုန်တယ်..ကားနောက်ပိုင်းက မီးညွန့်တွေ အပြင်ရောက်လာလို့..
အိမ်ပြန်ကြတော့...လိုက်ပို့ ခိုင်းလိုက်မယ်။..

As Long As U Stay With Me!Where stories live. Discover now