His lip is so sweet!

11.5K 900 11
                                    

Ep 4...

Baek ကတော့ ကျရောက်လာမည့် တစုံတခု ကို တိတ်တခိုး မျှော်လင့်ရင်း...

တီ.. တီ.....

ရုတ်တရက် ပေါ်ထွက်လာသော ဖုန်းသံကြောင့် Yeol Baek ရဲ့ နှုတ်ခမ်းပါးလေး ကို ထိလုဆဲဆဲ က ခွာသွားသည်။..

Yeol : ဟဲလို.........

Baek pov : အား......... ငါဘာတွေ လုပ်မိတော့ မလို့လဲပဲ။..ရှက်လိုက်တာ.... အ့ လူကြီး လူကို ဖိုးသိုးဖပ်သပ် ဖြစ်အောင် လုပ်သွားတယ်... သိဘူးကွာ. ပြန်အိပ်တော့မယ်....

Yeol ပြန်ထူးပီးမှ တဖက်လူ၏ စကားသံကြောင့် မျက်မှောင်ကျုံ့ မိသည်။..

Yeol : ပြော. Appa ဘာကိစ္စလဲ။..

Yeol Appa : မင်း ကို ဖုန်းခေါ်နေတာ ကြာပီ.. မသိတဲ့ ဖုန်းနဲ့ ခေါ်မှာ ပဲ ကိုင် တော့တယ်..

Yeol : ဘာပြောမလို့လဲ။ ကျွန်တော် အချိန်သိပ်မရဘူး..

Yeol Appa : အရေးမပါတဲ့ အလုပ်တွေ နားထား စမ်းပါ.. လာမည့် စနေနေ့ မိတ်ဆုံစားပွဲ ရှိတယ်..DaHae တို့နဲ့..လာဖြစ်အောင် လာ. လုပ်ချင်တာတွေ လုပ်ခွင့်ပေးထားတယ် ဆိုတော့ ငါ့ စိတ်တိုင်းကျ လဲ နေပေးအုံးပေါ့..မလာရင် မင်း company ဘာဖြစ်မလဲ အာမမခံ နိုင်ဘူးပဲ။.

ပြောပီး ဖုန်းချ သွားသော Appa ပါလေ..
ဒါပဲလေ.. Park Chan Yeol ဘဝ မှာ Appa ဆိုတာ သူလိုချင်တာကို အနုနည်းနဲ့ မရရင် အကြမ်းနည်း သုံး ပီး ဖိအားပေးတတ်သည်။.သူ တော်လှန်နေပေမဲ့ ထင်သလောက် မလွယ်ကူပါ..သူ ကိုယ်တိုင်က ခုထိ Appa ဆီက မလွတ်မြောက်သေးနိုင်တာပဲကိုး..  

ခွမ်း.. ချလွမ်း....

စိတ်တိုတို နဲ့ နံရံ ကို ပစ်ပေါက် လိုက်တဲ့ ဖုန်းလေးကတော့ တစစီ ကွဲအက်လျက်....
ပြန်လည် လွင့်စင် ထွက်လာတဲ့ ဖန်ကွဲစ လေးကတော့ ညာဖက် လက်ဖျံ ကို အခြစ်ရာ တခုပေးပီး သွေးထွက်ခြင်းပါ အဆစ်ပေးသွားသည်။..

Yeol : ကျွတ်စ်... ဖန်ကွဲစ ကပါ ငါ့ကို ထိခိုက်အောင် လုပ်နေသေးတယ်..

ဖုန်းပြောပီး ဧည့်ခန်းထဲ ပြန်ဝင်လာတော့ Baek က ဆိုဖာလေး ပေါ်မှာ ကွေးကွေးလေး အိပ်ပျော် နေသည်။..ခေါင်းလေးကို သူ့ လက်လေး နောက် ဝှက်ပီး အိပ်နေသောကြောင့် သူ့ ဆံပင်ပျော့ပျော့ လေးတွေက ဟိုတစ ဒီတစ ကျနေသည်။..

As Long As U Stay With Me!Where stories live. Discover now