အစက​တော့ ဒီ ငါး​တွေ ပုဇွန်​​တွေကိုဘယ်​လိုစပြီး
ကိုင်​တွယ်​ရမလဲ Chanyeol မသိ​သော်​လည်း..
ဘေးနားကလုပ်​တဲ့သူ​တွေလုပ်​သလိုကြည့်​ပြီး
လိုက်​လုပ်​​တော့တဖြည်းဖြည်းနဲ့​တော့အဆင်​​ပြေ
လာ​လေသည်​..

ဆိပ်​ကမ်း​နေရာဖြစ်​တဲ့အတွက်​ ​Seoul ​ဈေးကွက်
ကိုတင်​ပို့မယ့်​ငါး​တွေ ​ရေခဲရိုက်​ပြီး ကုန်​တင်​ကား
များနှင့်​ ပို့​ပေး​လေသည်​..

နေ့ခင်းထမင်းစားချိန်​ကျ​တော့ အိမ်​ကိုတစ်​ချက်​ပြန်
ပြေးရ​သေးသည်​..
Baekhyunne တစ်​​ယောက်​တည်းကျန်​ခဲ့သည်​​လေ...

အိမ်​ရှင်​ ဦး​လေးကြီးရှိ​ပေမယ့်​ သူစိမ်းပဲမဟုတ်​လား...
တော်​ကြာဂျီကြ​နေတာတို့ ငိုယို​နေတာတို့ဆို
သူများတကာကိုမ​ကောင်းဘူး​လေ..

"Baekhyunne..!"

Chanyeol ​ခေါ်လိုက်​​တော့ တစ်​ခုခုကိုအာရုံစိုက်​လုပ်​ရာမှာမော့ကြည့်​​လေသည်​...

အော်​..​တော်​ပါ​သေးတယ်​...က​လေးကအိမ်​​ရှေ့က
ရေ​မြောင်းနားတွင်​ထိုင်​ကာတုတ်​တစ်​​ချောင်းနဲ့​ဆော့​နေတာကိုး..

ဘေးနားတွင်​ အိမ်​ရှင်​ဦး​လေးကြီးကလည်း
အဝတ်​အစား​တွေ​လျှော်​​နေ​လေ၏..

"က​လေးရယ်​..​အေး​နေတာကိုဘာလို့အပြင်​ထွက်​​နေတာလဲ.."

ဘာမှပြန်​မ​ပြော ဆူပုပ်​ပုပ်​ရုပ်​​လေးဖြင့်​ ​ရေ​မြောင်း
ထဲမှာ​ရေ​တွေကိုတုတ်​တစ်​​ချောင်းဖြင့်​​ဆော့​နေ၏..

"နိုးလာတုန်းက Chanyeol ကို​မေးတယ်​..
အလုပ်​သွားတယ်​​ပြောလိုက်​​တော့ Arjushi
နဲ့တူတူ​နေမယ်​တဲ့...
တစ်​​ယောက်​တည်း​နေရတာပျင်း​နေတယ်​ထင်​ပါတယ်​..."

ကျ​တော့်​ကို​မေးတယ်​တဲ့...
မေးတယ်​ဆိုတာနဲ့တင်​ ​ကျ​တော်​​ပျော်​ပါတယ်​..

အခု Baekhyunne က​တော့ Chanyeol ကို
နည်းနည်းမှလှည့်​မကြည့်​​ပေ...
ရှိတယ်​လို့​တောင်​မထင်​တဲ့ပုံ...

စိတ်​ပူလို့အ​ပြေးအလွှားပြန်​လာခဲ့ရ​သော်​လည်း
Baekhyunne ရဲ့ အပြုအမူ​​တွေကရင်​ဝကို
ဆောင့်​ကန်​ပြီးအ​မောဆို့်​စေတယ်​...

My Baby Baekhyunne(Completed)Where stories live. Discover now