"ဒီတော့ Luက .."
"အင်း…"
"ဒီအုတ်တံတိုင်းကိုကျော်ပြီးတော့……"
"ဟုတ်……မင်းသားလေး"
"နန်းတော်အပြင်ကိုထွက်ချင်တယ်ပေါ့"
"အဲ့တော့ မင်းသားလေး က အိမ်ရှေ့စံတို့ကို သွားမပြောပဲ မျက်စိမှိတ်ပေးထားပါ"
သူခိုးသေဖော်ညှိနေသော Luhanကို Sehun
အမူအရာမဲ့ ကြည့်နေလိုက်သည်။ခုချိန်ထိတော့ သူတို့နှစ်ယောက်လုံး မြေကြီး
ပေါ်ထိုင်လျက်သာ ရှိနေသေးသည်။တိတ်ဆိတ်စွာနေသော စစ်သူကြီးကိုကြည့်ပြီး
သဘောတူသည်ဟု ကိုယ့်ဘာသာမှတ်ချက်
ချကာ Luhanထမည်အလုပ်တွင်"နေဦး……"
မတ်တပ်ရပ်နှင့်နေပြီးသော Luhanလက်ကို
လှမ်းဆွဲကာထလိုက်သည်။ထို့နောက် အုတ်တံတိုင်းဘက်ကို တချက်ကြည့်ရင်း"ကိုယ်လဲ လိုက်မယ်"
အုတ်တံတိုင်းအထပ်ထပ်အစောင့်အကြပ်
အသွယ် သွယ်ကိုဖြတ်ကျော်ပြီးနန်းတော်အပြင်ဘက်သို့ အောင်မြင်စွာ ရောက်သွားခဲ့ချေပြီ။ဝတ်စုံပေါ်တွင်ကပ်နေသော ဖုန်မှုန့်အစအနများ
ကိုဖယ်ရှားခါချနေသော သူ၏စစ်သူကြီးကို
ကြည့်ရင်း Luhan တချက်ခိုးရယ်လိုက်မိသည်။"ဘာကိစ္စကြောင့်ရယ်တော်မူတာလဲ ကိုယ်တော်
ဖုရား"Sehun၏ခပ်ရွတ်ရွတ်အမေးကို အပြုံးမသတ်သေးသောမျက်နှာနှင့်Luhanက
"မင်းသားလေးကြည့်ရတာ နန်းတော်အပြင်ခိုး
ထွက်တဲ့ကိစ္စနဲ့တော်တော်ရင်းနှီးနေပုံရလို့ပါ"Luhanစကားကြောင့် Sehun ပြုံးလိုက်ပြီး
Luhanခေါင်းပေါ်ကပ်နေသည့် သစ်ရွက်တစ်ရွက်ကိုဆွဲခွာလိုက်သည်။နန်းတော်အပြင်သို့ရောက်ပြီဆိုသော်ငြားလဲ မြို့
ထဲဝင်ဖို့အတွက် တော်တော်လျှောက်ရဦးမှာမို့
ခြေလှမ်းတို့ကိုစလိုက်ရင်း"ဟန်ယန်းမှာတုန်းက ခဏခဏဆိုသလို Chanyeol Hyung nim နဲ့ ထွက်ဖူးတယ်လေ
ကိုယ်က သိပ်အရေးပါတဲ့မင်းသားမဟုတ်တော့
လက်ပူးလက်ကြပ်မိလဲ ဘယ်သူမှ သိပ်တော့ ဂရုမစိုက်လှပါဘူး"
BINABASA MO ANG
DREAM [Edited Version]
Fanfiction(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆိုပါစို့ တဖန်အိမ်မက်ဆန်တဲ့ဝန်းကျင်မှာ ကိုယ့်အရင်းနှီးဆုံးသူနဲ့အတူတူရှိနေသည် ဆိုပါစို့ ဒါဟာရေစက်လို့ယူဆပြီး ဒါဟာအချစ်တစ်ခုပဲဆိုပါစို့ ကြည်နူး...