ဖြတ်သွားဖြတ်လာ လူတွေက သူတို့နှစ်ဦးသားအာရုံမှာ တစတစ ပျောက်ကွယ်သွားသည်။အရာအားလုံးနှင့် ဝေးရာကို ရောက်သွားသလိုမျိုး
တစ်လောကလုံးတွင် သူတို့နှစ်ဦးတည်းသာ ရှိ
တော့သလိုမျိုး...ယင်းမျက်ဝန်းလှလှလေးအောက်မှာ Sehunရုန်းမထွက်နိုင်ဖြစ်နေမိသည်။"သတိထားစမ်း Sehun သူကယောကျ်ားလေး
တစ်ယောက်"တစ်ယောက်ယောက်နားထဲသို့ လာရောက်ဟန့်
တားသည့် အသံတွေကြားရသော်လည်း Sehun
အကြည့်တို့အားမရပ်တန့်မိ။ထိုကောင်လေး၏မျက်ဝန်းအပြုံးများမှတဆင့်
နှုတ်ခမ်းများပါ ပြုံးနေလေမလားဟု အသည်း
အသန် စူးစမ်းမိသည်။အံ့သြသဏ္ဌာန် ဝိုင်းနေသော နှုတ်ခမ်းများသည်
ပြုံးမနေခဲ့ သူ့မျက်ဝန်းလေးတွေက ပြုံးနေရက်
နဲ့လေ..သြော် …… ဒါမှမဟုတ် လုပ်မယူရပါပဲနှင့် အလိုလိုချိုမြိန်နေခြင်းလား???
ရှေးဘဝ ကုသိုလ်ကောင်းလှချည်လား
ကောင်လေးရယ်……"Sehun……"
ခပ်လှမ်းလှမ်းဆီမှ အော်ခေါ်သံကို Sehunကြား
ရသည်။ ဂရုမစိုက်မိ။"Sehun"
ခဏလေးပါ ဟော.. သူ.. ကောင်လေးအကြည့် တွေလွှဲသွားတယ်နံဘေးက ကလေးတစ်ယောက်ကို ပြုံးပြပြီးစကားတခွန်းလှည့်ပြောတယ်
သူဘာပြောလိုက်တာလဲ???
သူ့အသံလေးကို ကြားချင်လိုက်တာ……Sehun ခြေလှမ်းတို့က သူ့ဆီကို တစ်ချက် ရွေ့
သွားသည်။"မင်းသား………"
လက်မောင်းကို ဖြတ်ကနဲ ဆောင့်ဆွဲလိုက်သည့်
အားကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားရပါ
သည်။ဈေးအတွင်း ဆူညံသံတို့ကို ပြန်လည် ကြားယောင်လာပြီး ဖြတ်သွားဖြတ်လာလူတွေက
Sehunနံဘေးမှ အလျှိုလျှို ပြန်ပေါ်လာကြသည်
။*Hyung nim…"
ခုချိန်ထိ Sehunလက်မောင်းကို ဆုပ်ကိုင်ထား
သည်က Chanyeol ဖြစ်ပြီးစူးစမ်းသည့်အကြည့်များဖြင့် Sehunကိုကြည့်လျက်"ဘာဖြစ်သွားတာလဲ Sehun ခေါ်နေတာ
ကြာပြီ""ဟို………ဘာမှမဖြစ်ပါဘူး"
VOUS LISEZ
DREAM [Edited Version]
Fanfiction(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆိုပါစို့ တဖန်အိမ်မက်ဆန်တဲ့ဝန်းကျင်မှာ ကိုယ့်အရင်းနှီးဆုံးသူနဲ့အတူတူရှိနေသည် ဆိုပါစို့ ဒါဟာရေစက်လို့ယူဆပြီး ဒါဟာအချစ်တစ်ခုပဲဆိုပါစို့ ကြည်နူး...