DREAM Chapter 10

6.3K 753 57
                                    

ပစ်ခွင်းလိုက်သည့် မြားသုံးစင်းလုံး ပစ်မှတ်
အလည်ဗဟိုကိုသာ တည့်တည့်စိုက်သွားသည်။

"တော်တယ် Lu ဒီလောက်ဆိုပြိုင်ပွဲအတွက်
အသင့်ဖြစ်ပြီလို့ပြောလို့ရပြီ"

Sehun၏ပြောစကားကြောင့် Luhan ခေါင်းညိမ့်ပြလိုက်ပြီး လေးကိုချလျက် Sehunအနားသို့ လျှောက်လာသည်။

"ဒါဆို ကျနော်မျိုး ဗိုလ်ဆွဲမှာလား  ?မင်းသားလေး"

"ဟင့်အင်းး……"

"ဟင် ဘာလို့လဲ????"

တအံ့တသြသိချင်စိတ်နှင့်Luhanမျက်လုံးလေး
များတောက်ပလို့လာပါသည်။

သူ့ကိုယ်သူယုံကြည်မှုရှိသူတယောက်အနေနဲ့
ဒီအခြေအနေဆို အနိုင်ပိုင်းလို့ရပြီလို့ Luhan
အသေတွက်ထားခဲ့တာလေ။

Sehunကတော့ မပြုံးတပြုံးလုပ်ကာ Luhan ခေါင်းကိုပုတ်ရင်း မြားပစ်စင်သို့လျှောက်သွား
လိုက်သည်။

Luhanချခဲ့သည့်လေးကိုပဲ ကောက်ကိုင်ကာ
မြားသုံးစင်းဆက်တိုက်ပစ်လိုက်သည့်နောက်
အလယ်ဗဟိုသို့ ကွက်တိပင်။

"မင်းပြိုင်ဖက်က ကိုယ်ဖြစ်ခဲ့ရင် မင်းကိုယ့်ကို
ဘယ်လိုလုပ်နိုင်မှာလဲ???"

မျက်ခုံးပင့်ကာပြောသော ဆရာဖြစ်သူကြောင့်
Luhan တိတ်တိတ်လေးခိုးရယ်လိုက်သည်။

လက်လေးနှစ်ဖက်နောက်ပစ်ကာ တလှမ်းချင်း
လျှောက်သွားရင်း

"စောင့်ကြည့်ပေါ့ မင်းသားလေးရယ် အင်း
ကျနော် တခါနိုင်ဖူးတယ်နော်မင်းသားလေးကို"

"အဟမ်း ဟုတ်ပါပြီ ခုတော့နောက်ကိုနည်းနည်းလေးဆုတ်ဦး"

ခြေဖျားလေးထောက်ကာ မျက်နှာနားထိ နီးနီး
ကပ်ကပ်လာပြောသော Luhanနဖူးကို အသာ
အယာတွန်းလိုက်သည်။

*ကိုယ့်ကို ဒီထက် စိတ်မခိုင်အောင် မလုပ်နဲ့
Huaရယ်*

ရေခဲမင်းသားလို့နာမည်ပြောင်ပင် ရှိသည့်Sehun
က ဒီကောင်လေးနဲ့ကျမှ အရည်ပျော်နေတာ
Huaသိရင်ဘယ်လိုတုံ့ပြန်မလဲ Sehunသိချင်
ပေမဲ့ ဒီတသက်တော့ သူလေး မသိတာပဲကောင်း
ပါတယ်လေ။

DREAM [Edited Version]Where stories live. Discover now