တသွင်သွင်စီးနေသည့် စမ်းချောင်းရယ်၊
တသီသီမြည်တွန်နေသည့်ငှက်ငယ်လေး
တွေရယ် …… လေယူရာယိမ်းနေသည့် သစ်ပင်စိမ်းငယ်ငယ်များရယ်နှင့် Luhanခေါ်ဆောင်လာရာနေရာသည် အေးချမ်းသောသီးသန့်နေရာလေးဖြစ်နေသည်။"မင်းသားလေး လာ…ဒီနားမှာလာထိုင်"
စမ်းချောင်းဘေးတွင်ထိုင်ချကာ ခြေနှစ်ဖက်လွှဲ
ဆော့နေသော Luhan , Sehunကိုလဲပြုံးပြကာ
လက်ယက်ခေါ်နေသေးသည်။Sehunသည်လည်း Luhanနည်းတူပင်ထိုင်ချပစ်
ရင်း မျက်နှာချောချောကိုဘေးတိုက်ငေးမောနေ
မိသည်။သူ့အမူအရာတွေဟာသိပ်ကိုသိသာ
နေပြီလားမသိ။ ဟင့်အင်း မသိနိုင်ပါဘူး။ဖြူစင်တဲ့ကလေးလေး Huaက သူ့အချစ်ကို
ညီအစ်ကိုရင်းချာလိုအချစ်မျိုးလို့ပဲ သတ်မှတ်မှာအရောင်တွေစွန်းနေတဲ့အချစ်ကို ကလေးကသိဖို့
နေနေသာ။ စိတ်တောင်ကူးဖူးမည်မဟုတ်ချေဟူးးး သူကလဲဘာလို့ယောကျ်ားလေးတယောက်
ကိုမှ ချစ်ခဲ့မိပါလိမ့်နော် ?"မင်းသားလေး ဘာကိစ္စ သက်ပြင်းတွေချနေရ
တာလဲ ?"စိတ်ကူးထဲကအပူလုံးတွေ အပြင်ကိုရောက် သွားမှန်း Sehunသတိပင်မထားမိ။Luhanထောက်ပြပြောဆိုတော့မှပင် ပြာပြာသလဲနှင့် ခေါင်းခါယမ်းကာ
"အာ……မဟုတ်ပါဘူး ကိုယ်သက်ပြင်းချတာက
ဟို……Lu ဒီနေ့နန်းတော်မပြန်ဘူးဆိုတဲ့စကားကို
တွေးမိလို့။ အင်းး ပြောပါဦး ဒီနေ့နန်းတော်မပြန်
ဘူးဆိုတော့ Luက ဘာလုပ်မှာလဲ"ပါးစပ်ထဲရှိရာလျှောက်မေးလိုက်သည်ဆိုသော်
ငြားလဲ Sehun တကယ်သိချင်နေသောမေးခွန်း
ဖြစ်ပါသည်။Luhanကတော့ မျက်လုံးလေးထောင့်ကပ်ကာ
Sehunကိုတချက်ခိုးကြည့်ရင်း နှုတ်ခမ်းရဲရဲအား
တချက်ကိုက်လိုက်သည်။ငြိမ်သွားရာမှပင် ဟက်ဟက်ပက်ပက်ထရယ်
တော့ Sehun အလန့်သားပြန်ကြည့်နေသည်
လေ……။"အယ် မင်းသားလေး ကျနော်မျိုးကို စိတ်ဖောက်ပြန်သွားပြီ ထင်နေတာတော့ မဟုတ်ပါဘူးနော်"
أنت تقرأ
DREAM [Edited Version]
قصص الهواة(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆိုပါစို့ တဖန်အိမ်မက်ဆန်တဲ့ဝန်းကျင်မှာ ကိုယ့်အရင်းနှီးဆုံးသူနဲ့အတူတူရှိနေသည် ဆိုပါစို့ ဒါဟာရေစက်လို့ယူဆပြီး ဒါဟာအချစ်တစ်ခုပဲဆိုပါစို့ ကြည်နူး...