"​နေမ​ကောင်းလို့လို့​​သေချာ​ပြောလိုက်​​ပေါ့...
Jong ရာ ကူညီပါ...ငါတကယ်​ပင်​ပန်း​နေတာ.."

Jong လည်းသိပါတယ်​​လေ..
ကျ​တော့်​ဘဝအ​ခြေအ​နေကို...ကျ​တော့်​အ​မေမရှိလို့
သာကျ​တော့်​ဒီစကား​ပြောရဲတာ​လေ...

"ပြီး​ရော...အဲ့တာဆိုလည်း Hyung နား​တော့..
Hyung ကို အဘိုး​မေးရင်​ကြည့်​ပြီး​ပြောလိုက်​မယ်​.."

....

အခန်းထဲ​ရောက်​​တော့​လေးလံ​နေ​သောကိုယ်​ခန္ဓာကိုယ်​ကို ဇိမ်​ခံထိုင်​ခုံ​ပေါ်သို့ပစ်​ပြီးထိုင်​ချလိုက်
သည်​...

ကိုယ်​ခန္ဓာ​လေးလံ​နေတာမ​ပြောနဲ့ စိတ်​​တွေအ​တွေး
တွေလည်းအဲ့လိုပဲ...

ဂုတ်​​ပေါ်က​နေတစ်​စုံတစ်​​ယောက်​ကခွစီးထားသလို
ကို​ဖြစ်​​နေတာ..ရင်​ထဲမှာလည်း​တော်​​တော်​မ​ကောင်း

ဒီ​နေ့တစ်​​နေ့လုံး​ဆေးရုံမှာဆို​တော့​ဆေးရုံအနံ့​တွေ
ကြောင့်​လားမသိ...

"​ဝေါ့...​အော့..."

သန့်​စင်​ခန်းထဲအမြန်​​ပြေးဝင်​ကာ​ဘေစင်​​ထဲသို့သာ
ခေါင်းထိုးပြီးအန်​ချလို​က်​တယ်​...

ကိုယ့်​ရင်​ဖက်​ကိုထုကာပျို့တက်​လာ​သော​​​လေချဉ်
တွေကိုသက်​သာ​အောင်​လုပ်​လိုက်​​သော်​လည်း
ရင်​ထဲမှာ​တော်​​တော်​မ​ကောင်းတာ....

ဘာဖြစ်​သွားတာလဲမသိ...
အစာမ​ကြေဖြစ်​တာလား..

မဖြစ်​နိုင်​ဘူး...ဒီ​နေ့ငါဘာမှမှမစားဘဲ...

အင်္ကျီ​တွေဘာ​တွေချွတ်​မ​နေ​တော့....
ရေပန်းကိုဖွင့်​ချလိုက်​ကာ ​အေးမြတဲ့​ရေကိုခံစား​နေမိတယ်​...

လေးဆယ့်​ငါးမိနစ်​​လောက်​ကို ​အဲ့​ရေပန်း​အောက်
ထဲဝင်​​နေမိတယ်​....

ကျ​တော့်​အကျင့်​တစ်​ခု​လေ...
စိတ်​ညစ်​နေရင်​​ရေပန်း​အောက်​ထဲ​နေပလိုက်​တယ်​.

တစ်​ကိုယ်​လုံး​ရေစို​နေရင်​ ​အေးစက်​လာတဲ့ကိုယ်​ခန္ဓာနဲ့အတူ စိတ်​ပါနည်းနည်းရှင်းလာတယ်​...

My Baby Baekhyunne(Completed)Where stories live. Discover now