Yeol : ရိတ်ပေးလေ. အိမ်ကျ.....

Baek : သွား.. သွားတော့..
ရုပ်ရှင်သာ သွားရိုက်နေတော့....

Yeol : ပီးမှ ပြန်ဆက်မယ်.....

Baek Yeol အား သွားစိကာ မျက်လုံးပြူးပြလိုက်တော့မှ ရယ်ကျဲကျဲ နဲ့ အခန်းထဲက ထွက်သွားတော့သည်။...

Yeol ထွက်သွားတော့မှ Baek လဲ ချုပ်လက်စ အင်္ကျီ အပြဲတွေကို ဆက်ချုပ်နေမိတော့သည်။...

ထို အခြင်းအရာတွေကို တနေရာက ချောင်းကြည့်နေသော သူတယောက်တော့ ရှိခဲ့၏။....

တောက်!..

♥As Long As U Stay With Me♥

Baek အကုန်ချုပ်လို့ ပီးတော့ အညောင်းအညာ ပြေအောင် ရိုက်ကွင်း ဘက် ထွက်လာခဲ့သည်။..
ရိုက်ကူးရေးကတော့ မပီးစီးသေးပါ..
Baek ရောက်သွားတော့ မင်းသား နဲ့ မင်းသမီး ရန်ဖြစ်နေသောအခန်း ထင်သည်။..
မင်းသမီးက လှည့်အထွက်.. Yeol က လက်မှ ဖမ်းဆွဲကာ မင်းသမီးအား သူ့ ဘက် ဆွဲလှည့်ရင်း ဖက်လိုက်သည်။..

Baek pov : အင်း.. သရုပ်ဆောင် နေတာလို့ ဦးနှောက်က သိနေတာတောင် နှလုံးသားက နာနေတုန်းပါလား....

Baek ထိုနေရာက ထွက်လာခဲ့ပီး ခပ်လှမ်းလှမ်းက ခုံလေးတခု မှာ ဝင်ထိုင်မိရင်း သူတို့ ၂ယောက် အကြောင်း တွေးနေမိသည်။..

Yeol ရဲ့ manager က သူတို့ အကြောင်း သိပေမဲ့ ကျန်သူတွေကတော့ ထုတ်ဖော်မပြောရသေးတာကြောင့် မသိသလို သာနေပေးကြသည်။..
တကယ်ဆို သိသွားလဲYeol အတွက် သိပ်တော့ အခြေအနေ မကောင်းနိုင်ပါ..
ခုကတော့ ကာယကံ ရှင်က မပြောသေးလို့ရယ်. Phonix ent ရဲ့ King . Yeol ကို ကြောက်နေကြလို့ ရယ်သာ မသိသလို နေပေးနေကြတာ ပင်..

Baek တယောက်တည်း တွေးချင်ရာ တွေးနေတာမို့ ပတ်ဝန်းကျင် ကို သတိမထားမိလိုက်...
Baek နောက်ကျောကနေ တရွေ့ရွေ့ ချဉ်းကပ် လာသော လူတယောကိ.. မျက်နှာကို mask အမည်း အုပ်ထားတာကြောင့် လူသိ မခံ လိုသော ကိစ္စ များ လုပ်မည့် သဘော....

Yeol : Baek!..

Baek အဝေးက Yeol အော်သံ သဲ့သဲ့ ကို ကြားလိုက်ရတာမို့ ဇတ်ခနဲ ထ လိုက်မိသည်။..
အနောက်က လူလဲ နီးရာ အကွယ်တခု ထဲ ဝင်ပုန်းလိုက်ရသည်။..

As Long As U Stay With Me!Tahanan ng mga kuwento. Tumuklas ngayon