Dear Gentleman.....

Začať od začiatku
                                    

ကျွန်တော် နေရာမှ ထလိုက်သောအခါ သူပါ မတ်တပ်ရပ်လိုက်သည်။

" ကိုယ် လိုက်ပို့ပေးမယ်လေ... "

လိုက်မပို့နဲ့ ...။ ခင်ဗျား ဘေးနားမှာ ရှိနေတာက ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ဝေဝါးသွားစေတယ်။

" နေခဲ့ပါ.. ကျွန်တော် တစ်ယောက်တည်း လမ်းလျှောက်ချင်လို့ "

ကျွန်တော့်ကို ခြံတံခါး အပြင်ထိ လိုက်ပို့ နှုတ်ဆက်ပြီး ခပ်လှမ်းလှမ်း ရောက်သွားသည်အထိ သူရပ်ကြည့်နေပြီးမှ အိမ်ထဲပြန်ဝင်သွားသည်။ လမ်းထောင့်ကနေ ကျွန်တော် ငေးကြည့်နေတုန်း Yifae အခန်းမီး လင်းလာသည်။...

သူငိုနေဦးမှာလား... ။ ကျွန်တော် သက်ပြင်းတစ်ခု သဲ့သဲ့ချရင်း.. မေမေ့ကို သတိရသွားသည်။ မဆက်ဖြစ်ပဲ Contact ထဲရှိနေသည့် ပြင်သစ် ဖုန်းနံပါတ် တစ်ခုကို ခေါ်လိုက်မိတဲ့ အချိန် ...ကျွန်တော် နည်းနည်း စိတ်ပေါ့ပါးသွားသည်။
အခု.. ပြင်သစ်မှာ ဘယ်အချိန်ပါလိမ့်။

" Hello "

မကြားရတာပြီဖြစ်တဲ့ မေမေ့အသံက အနောက်တိုင်း ဆန်လာသလားလို့...။

" Qui es-tu (- in French) ? "

ပီသနေသော ပြင်သစ် အသံထွက်တစ်ခုကို ကြားလိုက်ရသည့်အခါ မေမေ တရုတ်လိုမှ ကောင်းကောင်း ပြောတတ်သေးရဲ့လားလို့ သံသယဝင်လာရတော့သည်။

" Luhan လား.. သား လား "

မေမေ ကျွန်တော်ဖုန်းဆက်နေမှာကို မျှော်လင့်နေခဲ့သလား။

" မေမေ "

" သား မေမေ့ကို ဖုန်းဆက်တယ် ?? "

ကျွန်တော် မမြင်ရရင်တောင် မေမေ့ရဲ့ ကျေနပ်ပျော်ရွှင်သွားသော မျက်နှာကို မှန်းဆလို့ရသည်။ မေမေ့အပျော်တွေကို ထပ်တူမခံစားခဲ့တာကြာပေမယ့် အခုတော့ ကျွန်တော် ပြုံးမိသွားသည်။

" ကျွန်တော် ဖုန်းဆက်လို့ မရဘူးလား ? "

ဒီပါးစပ်ကတော့..။ မေမေ့ကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြောဖို့ ဆုံးဖြတ်ထားတာကို..။

" မဟုတ်ပါဘူး.. သားဖုန်းဆက်တော့ မေမေ ဝမ်းသာရတာပေါ့ သားရယ်.. မေမေ သားကို နေ့တိုင်း လွမ်းနေတာ "

Dear Gentleman .......Where stories live. Discover now