DREAM Chapter 1

13.5K 1K 25
                                    

"Morning Sehun ssi"

"Morning......"

အဆောက်အအုံထဲသို့ဝင်လိုက်သည်နှင့် ဌာနသို့တက်လာရာ လမ်း တလျှောက် တွေ့သမျှလူတိုင်း၏နှုတ်ဆက်ခြင်းကို ပြန်လည် အသိ အမှတ်ပြုရင်း Sehunအလုပ်လုပ်ရာဌာနသို့ ရောက်လာခဲ့သည်။

《ရှေးဟောင်းသုတေသန လေ့လာဆန်းစစ်ရေးဋ္ဌာန》ဟု ခန့် ထည်ထည်ဆိုင်းဘုတ်ချိတ်ဆွဲထားသည့်ဌာနထဲလှမ်းဝင်လာခဲ့သော်လည်းမည်သူ့အရိပ်အယောင်ကိုမျှမတွေ့။9နာရီထိုးနေပြီဆိုပေမင့် အဖွဲ့မှူးကအစရုံးမတက်သေးပါ။

Sehun အလုပ်စားပွဲသို့မသွားခင်Coffeeတစ်ခွက်အရင်ဖျော် လိုက်ပြီးမှ အခန်းထောင့်စွန်း၌ရှိသော သူ၏အလုပ်စားပွဲကို လျှောက် လာ လိုက်သည်။

ရှေးဟောင်းဒင်္ဂါးပြားများ/ဓားငယ်များအမည်ခေါ်ရန်ခက်ခဲသောအသုံးအဆောင်များနှင့် ပြည့်ကျပ်နေသည့် စားပွဲကို ခေတ္တ စိုက်ကြည့်ရင်း Sehun ပြုံးလိုက်သည်။

သူနေထိုင်ရာကမ္ဘာက ထိုသို့ပါပဲ။ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦး ဖြစ်သော Sehun သည်ရှေးဟောင်းအမွေအနှစ်များကို မြတ်နိုး တန်ဖိုးထားသည်။ထိုအရာတို့၏သမိုင်းကြောင်းရာကို လေးစားသည်။ဝါသနာဟုပြောရလေမလားရှေးကျသောအရာတို့ကိုချစ်ခင်တန်ဖိုးထားစိတ်သည်လဲငယ်စဉ်တည်းက ကိန်းအောင်း ခဲ့ခြင်းဖြစ်သည်။

ထိုင်ခုံတွင်အကျအနထိုင်လိုက်ပြီး Coffeeတစ်ငုံသောက်ကာ အဖွဲ့မှူး တယောက် လာတင်ထားဟန်ရှိသော စားပွဲပေါ်မှ File ကို ကောက်ဖွင့်လိုက်သည်။

HH-520DWဟုမှတ်သားထားသည့်ငွေမှင်ရောင်ဓားတိုလေး တချောင်း၏ဓာတ်ပုံကို Sehun သေချာကြည့်နေလိုက်သည်။

မနေ့ကမှအမည်မဖော်လိုသူတယောက်လာရောက်လှူဒါန်းသွားသော ရှေးဟောင်းပစ္စည်းဖြစ်သည်။

ဘယ်ခေတ် ဘယ်ကာလ ပစ္စည်းမှန်းမှန်းဆမရသည်မို့ Sehun တို့ဌာနဆီရောက်လာသည်။လေ့လာဆန်းစစ်ကာ အဖြေရှာ ထုတ်ရန်အတွက်နှင့် ပြတိုက်သို့လှူဒါန်းရန်ဖြစ်သည်။

ဓားဆိုသော်လဲကြမ်းရှသောခံစားချက်ကိုမခံစားရသည်မှာထူးဆန်းသည်။သူ၏ပိုင်ရှင်သည်နူးညံ့သိမ်မွေ့သောသူတစ်ဦးသာဖြစ်ပေ လိမ့်မည်။

DREAM [Edited Version]Where stories live. Discover now