နတ်ဆိုး ( ဟန်းနီးမွန်း )

Start from the beginning
                                    

'' အလုပ်က အဆင်ပြေရဲ့လား,,''

ကျွန်တော့်စကားကို သူက ဘာမှ မဖြစ်သလို အေးဆေးတည်ငြိမ်စွာ ပြုံးပြလာသည် ၊၊

'' အင်း,, စိတ်မပူပါနဲ့,, အဆင်ပြေပါတယ်,,''

ဒါပေမယ့် သူ အဆင်မပြေတာ ကျွန်တော် အလိုလိုခံစားနေမိသည် ၊၊ ဘာမှမဖြစ်သလို သူ ပြုံးနေပေမယ့် သူ့စိတ်ထဲ အနည်းငယ်မျှတော့ ပင်ပန်းနေမည်ဆိုတာကို ကျွန်တော် သိသည် ၊၊ ဒါပေမယ့် ကျွန်တော် သူ့ကို ဘာမှ ကူညီမပေးနိုင်ပါ ၊၊ ဒါက ကျွန်တော်တို့ နှစ်ယောက်ကြား မပြောင်းလဲနိုင်သည့် အနေအထားတွေလား ၊၊

ကျွန်တော် သူ့အချစ်ကို ဒုတိယအကြိမ် ပြန်လည်လက်ခံတော့ သူက ကျွန်တော်တို့ နှစ်ယောက်၏ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ လုပ်မည်ပြောသော်လည်း ကျွန်တော့်ရဲ့ တောင်းဆိုချက်ကြောင့် ကျွန်တော့်ဂေဟာတွင်သာ အကျဉ်းရုံးလုပ်လိုက်သည် ၊၊ အဓိကက ကျွန်တော်တို့ ပျော်ရွှင်စွာ အတူတူနေရဖို့ပင် မဟုတ်လား ၊၊ ဥစ္စာ ဓနတွေ စည်းစိမ်တွေက သူ့ထက် ကျွန်တော့်ကို ပျော်ရွှင်အောင်မှ မလုပ်ပေးနိုင်တာ ၊၊ ဒါပေမယ့် သူ့အတွက် ကျွန်တော့် ထက် အနည်းငယ်မျှ အရေးစိုက်ရမည့် စည်းစိမ်တွေပိုင်ဆိုင်မူတွေ ရှိသေးသည်လေ ၊၊ အခုလည်း ကျွန်တော်နှင့်သူ လက်ထပ်ပြီး ၁ လ အကြာမှ ထွက်လာသည့် ဟန်းနီးမွန်းခရီးက ၂ ရက်ပင် မပြည့်သေးချေ သူ့ စီးပွားရေးအချို့က သူ့အမ၏ အုပ်ချုပ်ပုံ မှားယွင်းမူကြောင့် ဒေဝါလီခံလုဆဲဆဲ အခြေအနေတွေဖြစ်နေသည် ၊၊ စိတ်ပြတ်သားစွာ နေခဲ့ပေမယ့် သူ သွေးချွေးများနှင့် ရုန်းကန်ခဲ့သည့် ထိုကုမ္ပကီကို သူ မပျက်စီးစေချင်ဘူးထင် ၊၊ သူ့ အမက သူ့ကို ပြန်လာပြီး ဥက္ကဌရာထူးကို လွဲယူပြီး ဖြေရှင်းပေးရန် တောင်းဆိုနေပေမယ့် စိတ်နာနေသည့် သူ့အနေဖြစ်တော့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေသည်လေ ၊၊ မနေ့ညက ထိုသတင်းကြားကြားချင်း သူက ဘာမှ မဖြစ်ဘူးလို့ ကျွန်တော့်ကို အတွင်တွင်ပြောနေပေမယ့် ၊၊ ကျွန်တော်ကတော့ သူ့ကို ထိုမိထွေးမိသားစုနှင့် မပတ်စေချင်တော့ပါ ၊၊ ပြီးတော့ သူ့အရည်အချင်းကို ယုံကြည်ပေမယ့် မတော်တဆဆိုသည့် အနေအထားတစ်ခုကြောင့် သူ ထောင်ပါကျသွားနိုင်သည်လေ ၊၊ ကျွန်တော် သူ့ကို ဒါမျိုးမဖြစ်စေချင်ပါ ၊၊ သူ့အမက ဘာတွေဘယ်လောက်များ ရှုပ်ပွထားသည်မသိဘူး ၊၊

နတ်ဆိုးWhere stories live. Discover now