နတ်ဆိုး ( ဇာတ်သိမ်း)

13.8K 806 64
                                    

အပိုင်း-၁၅ ( ဇာတ်သိမ်း)

****************

ကောင်းကင်မှာ တရိပ်ရိပ် တက်လာသည့် မိုးသားတိမ်တိုက်များက ပတ်ဝန်းကျင်တစ်ခုလုံးကို တစ်ဖြေးဖြေး အရိပ်ကျမှောင်မိုက်လာသည်,,,, ညနေ ၅ နာရီသာ ရှိသေးသည် ဆိုပေမယ့် အခုလို ကျွန်တော် နေထိုင်ရာ ဆိပ်ကမ်းမြို့လေးကတော့ ပုံမှန်မဟုတ်တတ်သည့် ရာသီဥတုများကြား အနေအထားတွေက အမြဲ ပြောင်းလဲတတ်သည်,,, မြို့ထဲ တစ်လမ်းဝင် တစ်လမ်းထွက် သွားနေရသည်မှာ နေ့လယ် 1နာရီတည်းကဆိုတော့ လူလည်း ခြေတိုနေပြီ,,, တစ်လမှာ ၂ရက် အခုလို မြို့ထဲ တစ်အိမ်ဝင် တစ်အိမ်ထွက်,,, တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လစဉ် ငွေတိုးကို လိုက်ကောက်နေကြဆိုပေမယ့် ကျွန်တော့်အတွက်တော့ ထိုအလုပ်မှာ အခုထိ ကျင့်သားမရသေးချေ,,, အမြဲ ထိုနှစ်ရက်ပြီးရင် နောက်တစ်နေ့ အိပ်ယာမှ မထနိုင်သည်အထိ ညောင်းညာကိုက်ခဲတတ်မြဲဖြစ်သည်,,, ဒါပေမယ့် ထို လစဉ် အလုပ်ကို မလုပ်၍လည်း မရ,,,, ထိုလစဉ်ရသည့် အတိုးနှင့်ပင် ဂေဟာရဲ့ ကုန်ကျစာရိတ်တွေကို လစဉ် ဖြေရှင်းနေရသည်လေ, ,,,, ဂေဟာတွင် ထည့်ဝင်ထားသည့် ရံပုံငွေရဲ့ သုံးပုံ တစ်ပုံကိုတော့ အခြားမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းများတွင် ရှယ်ရာထည့်ဝင်ထားပြီး ထိုမှ ရရှိသည့် အမြတ်ကိုတော့ ဂေဟာအတွက် လိုအပ်သည့် ဆေးဝါး,, ကလေးများ၏ ကျောင်းစာရိတ်များတွင် အသုံးပြုပြီး,,, နောပ်တစ်ပုံကိုတော့ ဘဏ်ထဲထည့်ကာ တစ်ခုခု အခက်ခဲကြုံချိန် သုံးရန် ထားသည်,,, ကျန်နေသေးသည့် တစ်ပုံကိုတော့ အခုလို ကျွန်တော်တို့ နေထိုင်ရာမြို့တွင်ပင် ငွေးတိုးလှည့်ပေးထားပြီး,,ဂေဟာ၏ လစဉ် ပုံမှန် အသုံးစာရိတ်ကို ထိုရရှိသည့် အတိုးဖြစ် ဖြေရှင်းကြသည်,,,, လဆန်းပိုင်းမှ အခုလို ပင်ပင်ပန်းပန်း အတိုးလိုက်မသိမ်းရင်လည်း အတိုးရဖို့ခက်ခဲသွားတတ်သည်,,,, မြို့ပေါ်လို လူလိမ်လူညာ မပေါ်များပေမယ့် ,,, ဒီဒေသခံတွေက လက်ထဲတွင် ငွေကို ခပ်ကြာကြာမထားတတ်သည့် စာရိုတ်များရှိသူပင်,,, ငွေရှိရင် လိုချင်တာဝယ်မည်,,, ငွေရှိရင် စားချင်တာစားမည်,,, လက်ထဲ ငွေပျက်သည်ကို သိပ်ပြီး ကြောက်လန့်နေကြသူများမဟုတ်,,, စားစရာ မရှိရင် အဆုံးမရှိသည့် ဒီပင်လယ်ထဲ ဆင်းကာ ရှာစားမည်,,, နေစရာ မရှိရင် ကမ်းစပ်မှာ တဲထိုးနေကြမည်,,, ဒါက ဒီဒေသက ဒေသခံတွေရဲ့ ရိုးသားမူလား,,, ရူးမိုက်မူလား,,, ကျွန်တော် မသိတော့ပါဘူး,,, တစ်ခါတစ်လေတော့ ထိုကဲ့သို့ အမှီအခိုကင်းမဲ့လွန်းသည်ကို သဘောကျမိပေမယ့် ,,, တစ်ခါတစ်ရံတော့လည်း ထိုကဲ့သို့ လူမျိုးမဟုတ်တာကို သဘောကျမိပြန်သည်,,, လူဆိုတာက အနည်းဆုံး မျှော်လင့်ချက်ရှိသင့်သည်လေ, ,,,, ကြီးမားခန်းနားလွန်းသည်မဆိုလိုပေမယ့် သေးသိမ်သည့် မျှော်လင့်ချက်လေးကပင် လူတစ်ယောက်ရဲ့ အသက်ရှင်စိတ်ကို ဖန်တီးစေသည် မဟုတ်လား,,,,

နတ်ဆိုးWhere stories live. Discover now