နတ်ဆိုး ( ဟန်းနီးမွန်း )

6.6K 431 57
                                    

ပင်လယ်ရေများက လှိုင်းလုံးများနှင့်အတူ မျှော်ပါလာပြီး သဲသောင်ပြင် ကမ်းစပ်တွင် လမ်းလျှောက်နေသော ကျွန်တော့် ခြေဖဝါးကို ထိကပ်လာတော့ ပင်လယ်ရေ၏ အေးစက်မူက ကျွန်တော့် ခြေဖဝါးမှ တစ်ဆင့် ကျွန်တော့် တစ်ကိုယ်လုံးကိုတောင် အေးမြလမ်းဆန်းသွားစေသည် ၊၊ တိတ်ဆိတ်လွန်းလှသည့် ပင်လယ်ကမ်းခြေပတ်ဝန်းကျင်တစ်ခုလုံး အဝေးမှ ခပ်ကြမ်းကြမ်းတိုက်ခတ်နေသည့် ပင်လယ်လေပြင်းတိုးသံမှ လွဲ၍ အရာအားလုံးက တိတ်ဆိတ်လွန်းလှသည် ၊၊ တစ်ချက်တစ်ချက် လေနှင့်အတူ ကပ်ငြိပါလာသည့် ပင်လယ်လေရနံဆိုသည့် ခပ်စိမ်းစိမ်းရနံက အရိုင်းဆန်ဆန် ကျွန်တော့် စိတ်ကို ခံစားရစေသည် ၊၊ ပင်လယ်ကို ကျွန်တော် သဘောကျသည် ၊၊ အဆုံးအစမရှိ ပင်လယ်ထဲ ဘယ်တော့မှ မကုန်ခမ်းနိုင်သည့် ရေပြင်ကျယ်ကြီးက ပင်လယ်ကို ပိုလို့ လှပစေခဲ့သည်လား ၊၊ ညနေစောင်း နေဝင်ဆည်းဆာ အလင်းရောင် မှိုင်းမှိုင်းက ပင်လယ်ရဲ့ ရှိရင်းစွဲအလှကို ပိုပြီး အသက်ဝင်စေခဲ့သည် ၊၊ ကျွန်တော့် အတွက်တော့ အခုလက်ရှိ မြင်မြင်သမျှ အရာအားလုံးကို ခံစားနေမိသည်မှာ လှပလွန်းသည့် ပင်လယ်ပြငိကြီး ကြောင့်လား ၊၊ တိုက်ခတ်နေသည့် လေနုအေးလေးကြောင့်လား ၊၊ ဟင့်အင်း!,,, ဒါတွေထက် ကျွန်တော့်ကို လှပစေသည့် အရာ တစ်ခုရှိသည်လေ ၊၊

'' ဘာတွေ တွေးနေတာလဲ ,,,''

ကျွန်တော့် လက်ချောင်းတွေကြား လက်ချင်းယှက်ကာ ဆုပ်ကိုင်ထားသည့် ခပ်နွေးနွေးလက်ဖဝါးတစ်ခုကြောင့် ကျွန်တော် ပင်လယ်ပြင်အဆုံးရှိ လှမ်းမြင်နေရသည့် အနီရောင်နေမင်းကြီးကို လှမ်းကြည့်နေရမှာ သူ့ကို လှည့်ကြည့်လိုက်သည် ၊၊

ကျွန်တော့်ကို ပြုံးကာ စိုက်ကြည့်နေသည့် အထက်စီးဆန်ဆန်အပြုံး နှင့် နုတ်ခမ်းပါးလေး တစ်ခုကို ကျွန်တော် မြင်တော့ ၊၊ ကျွန်တော့် အတွက် ပျော်ရွှင်ခြင်းဆိုတာ သူ့ရဲ့ ထိုအထက်စီးဆန်ဆန် အပြုံးတစ်ခုဖြစ်သည် ၊၊ ကျွန်တော့်အတွက် ပြည့်စုံခြင်းဆိုတာ သူ့ရဲ့ မာနနှင့်ဖုံးလွှမ်းနေတတ်သည့် မျက်ဝန်းတစ်စုံဖြစ်သည် ၊၊ ကျွန်တော့် အတွက် အေးမြခြင်းဆိုတာ သူ့ရဲ့ အရိုင်းဆန်သည့် ကိုယ်သင်းရနံဖြစ်သည် ၊၊ ဒါဆို ကျွန်တော့်အတွက် နွေးထွေးခြင်းဆိုတာလည်း သူ့ရဲ့ ကျယ်ပြန့်သည့် ရင်ခွင်ကြီးဖြစ်နိုင်သည် ၊၊ ကျွန်တော် ထိုရင်ခွင့်ထဲ အချိန်ပြည့် တိုးဝင်နေချင်မိရဲ့ ၊၊

နတ်ဆိုးWhere stories live. Discover now