နတ်ဆိုး

9.3K 554 37
                                    

အပိုင်း-၉

×××××

နှာခေါင်းထဲဝင်လာသည့် ခပ်မွှေးမွေးဟင်းနံကြောင့် ကျွန်တော် မျက်လုံးကို အသာ ဖွင့်လိုက်သည်,,, မျက်လုံးဖွင့်လိုက်သည်နှင့် မြင်ကွင်းထဲ ဝိုးတဝါးပုံရိပ်လေးတွေ,,,, အခန်းမီးမှိန်မှိန်လေးက မျက်လုံးကို စူးရှစေသဖြင့် ဖွင့်ထားသည့် မျက်လုံးကို အနည်းငယ်မှေးကာ ကုတင်ပေါ် တစ်စောင်းအိပ်နေလျှက် နေရာမှ တစ်ဖက်သို့ လှဲကာ မျက်လုံးလေးမှိတ်ထားကာ ခေါင်းအုံးကို လက်ဖြင့် စမ်းလိုက်မိသည်,,, ဟင်,,, သူ မရှိတော့ဘူးလား,,, အစောကြီးနိုးနေတာလား,,, ကျွန်တော် မှိတ်ထားသည့် မျက်လုံးကို ဖွင့်ကာ သေချာကြည့်လိုက်တော့,,, မြင်နေကြ အစိမ်းရောင်ခေါင်းအုံးလေးက အဖြူရောင်အဖြစ်ရှိနေသည်,,,,အဖြူရောင်ခေါင်းအုံးကို ထိကိုင်မိသည့် ကျွန်တော်လက်က တုန်ရီနေသည်,,, ထိုတုန်ရီနေသည့် ကျွန်တော့် လက်ကို ကြည့်ပြီး ရှည်လျားသွယ်လျှသည့် လက်တစ်စုံကို အလိုအလိုမြင်ယောင်လာသည်,,, ထို့အတူ ကျွန်တော့်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ကျွန်တော့် မျက်နှာကို တိုက်ခတ်လာမည့် အသက်ရှုသည့်ဝင်လေထွက်လေကို ထိတွေ့ချင်မိသလို,,,, ကျွန်တော် ရင်ထဲပြည့်သိပ်မွန်းကြပ်မူဖြင့် ဖွင့်ထားသည့် မျက်လုံးကို ပြန်ပိတ်ထားလိုက်သည်,,, စိတ်ထဲမောပန်းမူကြောင့် အသက်ကို ခပ်ပြင်းပြင်းတစ်ချကိရှုထုတ်လိုက်တော့ နာကျငိစွာပင် မျက်ရည်က ပါးပြင်ပေါ်စီးကျလာသည်,,,, ဘာလို့ ကျွန်တော် သူ့ကို လွမ်းနေတာလဲ,,, ဟင့်အင်း,,,, ကျွန်တော် သူ့ကို လွမ်းတယ်ဆိုတဲ့ အသုံးအနုံးမသုံးချင်ဘူး,,, ဒါပေမယ့် ဘာလို့ ကျွန်တော် အိပိယာကထ မျက်လုံးဖွင့်လိုက်သည်နှင့် သူ့အကြောင်းတွေးမိနေရတာလဲ,,, ဘာလို့ ကျွန်တော် ဘေးရှိခေါင်းအုံးကို အမြဲယောင်ရမ်းစမ်းမိနေမှာလဲ,,, ကျွန်တော် သူ့ဆီက ထွက်လာပြီး အခု minnie တို့မိသားစုနှင့် ပြန်နေတာ တစ်ပါတ်ပင်ပြည့်တော့မည်,, အခုထိ မနက်ခင်းတစ်ခုအသစ်ရောက်တိုင်း နိုးထခြင်းကို ကျွန်တော် ကျင့်သားမရသေးသလို,,,, 8လအတွင်း ကျွန်တော် jung yunho ရဲ့ ပုံသွင်းမူတွေကြားမှာ အသားကျသွားခဲ့တာလား,,, ဒါကြောင့် ပြောင်းလဲမူကို ချက်ချင်းလက်မခံနိုင်တာလား,,,,

နတ်ဆိုးWhere stories live. Discover now