နတ်ဆိုး

9.9K 562 37
                                    

အပိုငး-၁၀

×××××××

'' ဒါလေး ဆိုရင်ရော,,''

ကျွန်တော့် ရှေ့စားပွဲပေါ်ရှိ photo album ထဲမှ အဖြူရောင် သတိုးသားဝတ်စုံကို လက်ညိုးလေးထိုးကာ ပြောနေသည့် minnie စကားကြောင့် ကျွန်တော် ပုံကို ကြည့်ကာ ပြုံးပြီး

'' မင်းကြိုက်တယ်ဆို လုပ်လေ, ,,''

ကျွန်တော့်ရဲ့ ခေါင်းငြိမ့်ပြုံးကာ ပြောလိုက်သည့် စကားကြောင့် Minnie က ကျွန်တော့် ကို ကြည့်ကာ ပြုံးလျှက်,,,

'' joongnie ကြိုက်တာပဲ ဖြစ်စေချင်လို့ပါ,,,''

'' မင်း ကြိုက်တာဆို ငါကြိုက်တာ သိရက်နဲ့,,,''

ကျွန်တော် ခပ်တိုးတိုးပြောရင်း နောက်စာမျက်နှာက ပုံများကို ကြည့်နေမိသည်,,, junsu က ခပ်လှမ်းလှမ်းမှ ထိုင်ကာ သတင်းစာ ဖတ်နေသည်လေ, ,,,ကျွန်တော် တို့ လက်ထပ်ရန်ဆုံးဖြတ်ပြီးနောက်နေ့မနက်မှာပင် ကျွန်တော် နှင့် Minnie လက်ထပ်မည့် အကြောင်းကို အိမ်ကို အသိပေးတော့ arjuma ရော အငယ်ကောင်တို့ရော ဘာမှ မကန့်ကွက်ကျ,,, အစတည်းက သူတို့က ကျွန်တော့်တို့ကို ကြည်ဖြူပြီးသားလေ, ,,, အခုလည်း နေ့ခင်း ဆိုင်တွင် လူပါးချိန် Minnie ရောက်လာပြီး မင်္ဂလာဆောင်အတွက် ဝတ်ရန် သတိုးသားဝတ် photo album များယူလာပြီး ဝတ်စုံကို ရွေးကြည့်နေသည်လေ, ,,,, minnie နှင့် ကျွန်တော် ပုံတော်တော် များများကို ကြည့်ပြီးသည်တောင် Minnie က စိတ်ကြိုက်မတွေ့သေးသလို,,, ဆိုင်ထဲရှိ စားပွဲဝိုင်းတစ်ခုတွင် ဘေးချင်းယှဉ်ကာ ထိုင်နေသော Minnie ရဲ့ ပုံများကို တစ်ခုချင်းအလိုက် သေချာစွာ ကြည့်နေသော ပုံစံကို ကြည့်ပြီး ကျွန်တော် အလိုလို ကြည်နူးပြီး ပြုံးလာကာ ,,,,

'' အားလုံးက ပုံစံသိပ်မကွာပါဘူး,,, အတူတူတွေပါပဲ,,,''

'' ပုံစံအတူတူဆိုပေမယ့် အကောင်းဆုံးဆိုတာပဲ ဖြစ်စေချင်တာပါ,,, ဒါက ငါတို့ ဘဝအတွက် တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် လက်ထပ်ပွဲမို့လား,,,''

ပြောရင်း Minnie က ကျွန်တော့် လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်,,, ကျွန်တော် ဆုပ်ကိုင်လာသည့် Minnie လက်ဖဝါးမှ နွေးထွေးမူကို ကျွန်တော့် ခံစားရတော့ ခပ်နွေးနွေးခံစားမူက နှလုံးကို ဖြတ်တိုက်စီးဆင်းသွားသည်,,, ကျွန်တော် နွေးထွေးလုံခြုံသည့် Minnie လက်ကို ပြန်ပြီးဆုပ်ကိုင်ကာ ,,,

နတ်ဆိုးWhere stories live. Discover now