နတ်ဆိုး

10.2K 586 14
                                    

အပိုင်း-၆

××××××

'' noona ဒါ ဘာလုပ်နေတာလဲ!,,''

ကျယ်လောင်လှသည့် သူ့အသံနှင့်အတူ အခန်းထဲဝင်လာသည့် သူ့ပုံစံက ကြောက်စရာကောင်းလွန်းလှသည်,,,ပြီးတော့ ကျွန်တော့် ရှေ့က သူမ, ,,, သူခေါ်တဲ့ noona ဆိုသူကို ကြည့်နေသည့် သူ့အကြည့်က မီးတောက်တစ်ခုလိုပင်,,, ကျွန်တော် ကြမ်းပြင်ပေါ် ပုံကျလျှက်ထိုင်နေရာမှ သူ့ကို မြင်တော့ လက်ဖြင့် ကြမ်းကို ထောက်ကာ အားယူပြီး ထမည်အပြု,,,

'' အား!!!''

လက်ဖဝါးတစ်ခုလုံး သေမတတ်နာကျင်မူကြောင့် ကျွန်တော် အော်လိုက်မိသည်,,, ကျွန်တော့် အော်သံကြောင့် သူက သူမကို စူးရဲစွာကြည့်နေရာမှ ကျွန်တော့် ဆီ ပြေးလာကာ ကျွန်တော်ထိုင်နေသည့်ရှေ့ ဒူးထောက် ထိုင်ချလိုက်သည်,,, အိုး!!,,, သူ့မျက်ဝန်းတွေက စိုးရိမ်မူတွေ ,,, ထိတ်လန့်မူတွေ,,, ကျွန်တော် သူ့မျက်ဝန်းကို ကြည့်ပြီး ရင်ထဲ နွေးထွေးသွားသလိုပငိ,,,

'' သွေးတွေ,,''

သူ့ဆီက ခပ်တိုးတိုး အာမေဋိပ်စကားသံကြောင့် ကျွန်တော် ကျွန်တော့်ရဲ့ နာကျင်နေသည့် လက်ကိုကြည့်လိုက်တော့,,ဘုရား,,,သွေးတွေပါလား,,,ကြမ်းပြင်ပေါ်တွင်လည်း သွေးများက ပေစွန်းနေသည်,,, ကျွန်တော် လက်ကို ဖြန့်လိုက်တော့,,, စောစောက သူမ ဒေါသကြောင့် ပေါက်ခွဲလိုက်သည့် ပန်းအိုးအကွဲက ကျွန်တော့် လက်ဖမိုးကို ထိုးဖေါက်ဝင်ရောက်လို့,,, ဖြူဝင်းနေသည့် ကျွန်တော့်လက်ပေါ်မှာ နီရဲနေသည့် သွေးများက အကျည်းတန်စွာ,,,

'' yunnie! !!''

အနောက်မှ သူမရဲ့ ခပ်တိုးတိုး စကားသံကို သူက ဂရုမစိုက်စွာပင်,, ပုံလျှက်ထိုင်နေသည့် ကျွန်တော့် ကိုယ်ကို ပွေ့ချီကာ အခန်းထဲရှိ ဆိုဖါထိုင်ခုံပေါ်တွင် ထိုင်စေသည်လေ, ,,, သူမက သူ့အပြုအမူကို ကြောင်ကြည့်နေဆဲ,,,,

'' yunnie' ''

'' ဆေးသတ္တာယူခဲ့,,,ရေသန်ရေခဲလည်းယူခဲ,,,ရေဇလုံလည်း ယူခဲ့,,,မြန်မြန်ယူခဲ့,,,''

သူမ စကားကို မကြားသလို သူက အခန်းအပြင်က အတွင်းရေးမှူးမလေးကို လှမ်းအော်လိုက်သည်,,, ပြီးတော့ ကျွန်တော့် ရဲ့ နာကျင်နေသည့် လက်တစ်ဖက်ကို ကြင်နာစွာခပ်ဖွဖွ ဆုပ်ကိုင်ထားသည်,,, ကျွန်တော့် လက်က တစ်စစ်စစ်နဲ့ နာကျင်နေပေမယ့် ဘာရယ်မသိ ထိုနာကျင်မူက သူ့ရဲ့ စိုးရိမ်နေသည့် မျက်ဝန်းအကြည့်အောက်မှာ ငြိမ်သက်နေသလိုပင်,,,

နတ်ဆိုးNơi câu chuyện tồn tại. Hãy khám phá bây giờ