ကျွန်တော် တော်ပေါ်လမ်းလေးရဲ့ တစ်ဖက်ရှိ သစ်သားခုံလေးတွင် ခဏဝင်ထိုင်ကာ အမောဖြေလိုက်သည်,,, ထိုင်နေရင်း လက်နှစ်ဖက်ဖြင့် ခြေသလုံးတစ်ဖက်စီကို ဆုပ်နယ်ကာ အကျောပြေအောင် လုပ်ရင်း,,, အုံ့ဆိုင်းနေသည့် ကောင်းကင်ကြီးကို မော့ကြည့်ကာ စုတ်တစ်ချက်ထိုးလိုက်သည်,,, မကြာခင် မိုးရွာတော့မည်ထင်သည်,,, ထွက်လာတုန်းက မြင်ရသည့် ကြည်လင်သည့် မိုးသားကြောင့် ထီးမယူလာမိသည့် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမည်,,, ဒီဒေသမှာ နေလာတာ နှစ်နှစ်ကျော် သုံးနှစ်ပြည့်တော့မည် အခုထိ ဒီဒေသရဲ့ ပြောင်းလဲမြန်လွန်းသည့် ရာသီဥတုကို ကျွန်တော် မှန်ကန်အောင် မမှန်းဆနိုင်သေး,,, အချိန်အခါမဟုတ် ရွာချတတ်သည့် မိုးက မင်းကို ဘယ်တုန်းက အကြောင်းတတ်လို့လဲ kim jaejoong ရယ်, ,,, ကံဆိုးသည်က ဒီနေ့မှ ထူးထူးခြားခြား တစ်ယောက်တည်း ထွက်လာမိသည်,,, အရင်လတွေတုန်းကတော့ အမြဲ ဂေဟာမှ ဝန်ထမ်းတစ်ယောက် ပါတတ်သည် ဆိုပေမယ့် ,,, မနက်က အလှူရှင်တစ်ဦး၏ အလှူကြောင့် မနက်စောစောတည်းက ပင်ပန်းနေကြသည့် သူတို့တွေကို မခိုင်းရက်သဖြင့် တစ်ယောက်တည်း ထွက်လာသည်ကို အခုမှ နောင်တရချင်သလို,,, ဘေးနားမှာ အဖေါ်တစ်ယောက်လောက်ပါတော့ အနည်းဆုံး စိတ်ရှုပ်ထွေးမူကို အခုလို တစ်ယောက်တည်း ပျင်းစရာကောင်းအောင် မငြီးငြူရဘူးပေါ့,,, အခုတော့ လူရိပ်တောင် မမြင်ရသည့် ဒီတောင်ပေါ်လမ်းမှာ ကျွန်တော် တစ်ယောက်တည်း ထီးထီးကြီး ရှိနေသည်,,,, တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေးစွာ ဆောက်လုပ်ထားသည့် အိမ်တွေကိုပဲ အပြစ်တင်ရမလား,,, မြို့ကြီးတွေလို မြေဈေးမရှိ၍ လူတိုင်း လူတိုင်း ကြီးမားသည့် မြေကွက်ကို ပိုင်ဆိုင်ထားတာကိုပဲ အပြစ်တင်ရမလား,,,, ဒါမှမဟုတ် ညနေစောင်းသည်နှင့် အိမ်အပြင်သိပ်မထွက်ကြတော့သည့် ဒေသခံတွေကိုပဲ အပြစ်တင်ရမလား,,,,
ကျွန်တော် အနည်းငယ် အညောင်းပြေလာသလို ခံစားရသဖြင့် ခြေသလုံးကို နိုပ်နေသည့် လက်ကို အရှိန်လျှော့ကာ အနည်းငယ်မှောင်နေသည့်ကြားမှ မြင်နေရသည့် ရှည်လျားလွန်းလှသည့် လမ်းလျှောလေးကို စိတ်ပျက်စွာ တစ်ချက် ငေးကြည့်လိုက်သည်,,,
နတ်ဆိုး ( ဇာတ်သိမ်း)
Depuis le début