အမှောင်ထဲမှာ ဘယ်လောက်ကြာကြာနေနေမိလည်း မသိဘူး။
“ဆန်းဝန်း တံခါးဖွင့်ဦး ငါဂျီယွန်”
တံခါးကို အဆက်မပြတ်ထုနေတာကြောင့် သူထလာပြီး တံခါးဖွင့်လိုက်တယ်။
"ဂျီယွန် ငါဘာလုပ်ရမှန်း မသိတော့ဘူး။"
ဂျီယွန် လက်ကို ကိုင်ထားပြီး စိတ်ကို ငြိမ်အောင် ထိန်းထားဖို့ ကူညီပေးတယ်။
"တော်ပြီ ဆန်းဝန်း နင်အခုချက်ချင်း ဒီကနေ ထွက်သွားရမယ်။"
"ငါ ဘယ်သွားရမလဲ။"
" ငါ့အဒေါ်က A နိုင်ငံမှာ စတူဒီယိုတစ်ခုဖွင့်ထားတယ်။ ဘယ်သူမှ နင့်ကို ရှာမတွေ့နိုင်တဲ့ နေရာ"
နောက်နေ့မနက်မှာ ဂျီယွန် ဆန်းဝန်းကို လေဆိပ်လိုက်ပို့ပေးခဲ့တယ်။
"ကျေးဇူးတင်ပါတယ် ဂျီယွန် "
"ပျော်ရွှင်တဲ့ ဘဝကို ဖန်တီးပါဆန်းဝန်း နင်ရဲ့ အနုပညာကို အပြာရောင်တွေနဲ့ပဲ ခြယ်လှယ်ပါ။"
အပိုင်း (၁၀): လေဆိပ်မှ ခေါ်ဆောင်ခြင်း
လေယာဉ်ဂိတ်ဆီကို လျှောက်လာခဲ့တယ်။ လုံခြုံရေး စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး နောက်ဆုံး ခြေလှမ်းကို စတင်တော့မယ်။ ဘဝတစ်ခုကို သူမ စိတ်ကူးယဉ်နေခဲ့တယ်။ ဂိတ်ဝနားရောက်ခါနီးမှာ အနက်ရောင်ဝတ်စုံနဲ့ လုံခြုံရေးအစောင့်တွေ သူ့ရှေ့မှာ ရပ်လိုက်ကြတယ်။
သူ့နောက်ကျောဘက်ဆီကနေ ရင်းနှီးပြီးသား အေးစက်စက် အသံကို ကြားလိုက်ရတယ်။
"မင်း ဘယ်သွားမလို့လဲ ငါမင်းကို သွားခွင့်ပြုမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။"
"မင်း မင်းဘယ်လိုသိတာလဲ"
"မင်းက ငါ့ရဲ့ ပိုင်ဆိုင်မှုပဲ ဆန်းဝန်း။ မင်းဘယ်သွားသွား ငါအမြဲသိတယ်။ မင်းရဲ့ ဖုန်း၊ မင်းရဲ့ လှုပ်ရှားမှုအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။"
ထွက်ပြေးဖို့ ကြိုးစားပေမဲ့ လုံခြုံရေးအစောင့်တွေက သူ့ရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်ကြတယ်။
ဆန်းဝန်းရဲ့နားနားကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
"မင်းက ငါနဲ့ နောက်ဆုံးအချိန်ထိရှိနေရမှာ"
သူ့ရဲ့ လက်ထဲကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ လုံခြုံရေးအစောင့်တွေက ဆွဲခေါ်သွားတဲ့အခါ ဂျုံယွန်းရဲ့မျက်လုံးတွေကို ကြည့်ပြီး
"ငါနင့်ကို မုန်းတယ်။"
"ငါသိတယ်။ ဒါပေမယ့် မင်းက ငါ့ကို အဆုံးထိ လိုအပ်နေဦးမှာ။"
ဂျုံယွန်း ဆန်းဝန်းကို စတူဒီယိုခန်းဟောင်းဆီကို ပြန်ခေါ်လာခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဆန်းဝန်း ရုန်းကန်ခြင်း၊ ငြင်းဆန်ခြင်း မရှိတော့ဘူး။ အရာအားလုံးကို လက်ခံလိုက်ပြီ။ ထွက်ပြေးဖို့လည်း မစဉ်းစားတော့ဘူး။ ထွက်ပြေးလိုက်ရင် ဘေးပတ်ဝန်းကျင်ကို ဒုက္ခပဲ ထပ်ပေးနေမိမယ်။
