1

137 17 2
                                        

ဆိုးလ်မြို့ရဲ့ မီးရောင်စုံတွေဟာ ပြတင်းပေါက်ကနေ တိုးဝင်နေပေမယ့် အခန်းထဲက ပန်းချီကားတွေ မှာတော့ အနီရောင် နဲ့ အနက်ရောင် နှစ်ရောင်ပဲ ပြည့်နေတယ်။ ဒီအရောင်နှစ်မျိုးဟာ ပန်းချီဆရာရဲ့ အတွင်းစိတ်အခြေအနေကို အတိအကျ ဖော်ပြနေသလိုပဲ။ အနီရောင်က ပြင်းပြတဲ့ ချစ်ခြင်းမေတ္တာ၊ မာန၊ နာကျင်မှု၊ ဒေါသတို့ကို ကိုယ်စားပြုပြီး၊ အနက်ရောင်ကတော့ ဆုံးရှုံးမှု၊ ဗလာနတ္တိဖြစ်ခြင်း၊ လျှို့ဝှက်ချက်တွေနဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကို ဖော်ပြတယ်။ ပန်းချီဆရာရေးဆွဲခဲ့တဲ့ ကားတိုင်းရဲ့ အလယ်ဗဟိုမှာ ပျက်စီးသွားတဲ့ ဆက်ဆံရေးတစ်ခုရဲ့ အရိပ်အယောင်တွေ ရှိနေတယ်။ ခြောက်နှစ် တာကာလအတွင်း သူ့ရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို အနုပညာနဲ့ ပြန်လည် ကုစားဖို့ ကြိုးစားခဲ့တယ်။ အရာအားလုံးထက် ပိုနာကျင်တဲ့ အရာတစ်ခုက  ဂျုံယွန်းရဲ့ အမှတ်ရစရာတွေပဲ။ အသက်ရှူသံတိုင်းမှာ သူ့ရဲ့ရနံ့၊ အတွေးတိုင်းမှာ သူ့ရဲ့မျက်နှာ။ မေ့ပစ်ဖို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ အဲ့ဒီလူဟာ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေခဲ့တယ်။

လူတစ်ယောက်ကို မုန်းဖို့ ကြိုးစားလေ၊ သူ့ကို ပိုပြီးသတိရလေပဲ။ ငါတို့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပျက်စီးခဲ့တာလဲ ဂျုံယွန်း....” သူ့ရဲ့ နှုတ်ဖျားကနေ အသံတိုးတိုးလေး ထွက်လာတယ်။

​လမ်းခွဲတာ ခြောက်နှစ်ပြည့်တဲ့ည။ ဆန်းဝန်း မနေ့ညကလိုပဲ ဖုန်းကို ကြည့်လိုက်တယ်။ သူ့ရဲ့ Social Media မှာ ဂျုံယွန်း နောက်ဆုံးတင်ထားတဲ့ ဓာတ်ပုံတစ်ခုကို တွေ့တယ်။ ဓာတ်ပုံထဲမှာ အနက်ရောင် ဝတ်စုံနဲ့ အသက်ရှူမှားလောက်တဲ့ အသွင်ကို ပြနေတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ အရင်လိုပဲ အေးစက်စက်နဲ့ လွှမ်းမိုးမှုရှိတယ်။ ပြီးတော့ သူ့ဘေးမှာ ရယ်မောနေတဲ့ တခြားအမျိုးသမီး တစ်ယောက်။ အဲ့ဒီအမျိုးသမီးရဲ့ လက်မောင်းဟာ ဂျုံယွန်းလက်မောင်းနဲ့ ထိစပ် နေတယ်။ ရင်းနှီးမှုအပြည့်နဲ့ ရယ်မောနေပုံကို ကြည့်ပြီး ရင်ဘတ်ထဲမှာ စူးခနဲ နာကျင်သွားတယ်။ မေတ္တာနဲ့ အဆိပ်အတောက် ရောစပ်ထားတဲ့ ဆက်ဆံရေးတစ်ခုကနေ ရုန်းမထွက်နိုင်သေးတဲ့ သူ့ရဲ့ စိတ်ဟာ နာကျင်မှုကို တောင့်တနေတယ်။

​"ငါတို့ အဆုံးသတ်လိုက်ပြီလေ။ သူ ဘယ်သူနဲ့ဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး။"  ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောပေမယ့် လက်က ဖုန်းကိုချမရဲဘူး။ အဲ့ဒီဓာတ်ပုံကို ဖျက်ပစ်ချင်သလို၊ ကြည့်နေချင်သလိုမျိုး စိတ်နှစ်ခွဖြစ်နေတယ်။ ဒီဓာတ်ပုံက သူ့အတွက် လွတ်မြောက်ခြင်းရဲ့ အစလား၊ ဒါမှမဟုတ် ပိုပြီးနက်ရှိုင်းတဲ့ နာကျင်မှုရဲ့ နိဒါန်းလား။ သူမသိဘူး။

​ရင်းနှီးပြီးသား ringtone က နှလုံးသားကို တစ်ရှိန်ထိုး ခုန်စေတယ်။

​မျက်နှာပြင်ပေါ်က နာမည်ကို မြင်လိုက်ရတော့ နှလုံးခုန်နှုန်းတွေ ရပ်တန့်လုနီးပါး ဖြစ်သွားတယ်။

​Leo

​ခြောက်နှစ်ကြာမှ ပထမဆုံးအကြိမ် ဆက်သွယ်လာခြင်း။ ဒီခြောက်နှစ်တာကာလဟာ သူ့အတွက် ပန်းချီကားတွေနဲ့ ဝေဒနာကို ကုစားခဲ့တဲ့ကာလ။ သူ့အတွက်ကျတော့ ဘာဖြစ်မလဲ။

​ဘယ်လိုတုံ့ပြန်ရမလဲ စဉ်းစားမရခင်မှာပဲ Message တစ်စောင် ဝင်လာတယ်။ ဖွင့်ကြည့်လိုက်တော့

မနက်ဖြန်ည နာရီ။ မင်းရဲ့ စတူဒီယိုမှာ။ စကားပြောစရာရှိတယ်”

​လက်ထဲက ဖုန်းဟာ လက်ချောင်းတွေကြားကနေ လျှောကျပြီး အိပ်ရာပေါ် ပြုတ်ကျသွားတယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ ကြောက်ရွံ့ခြင်းနဲ့ စွဲမက်မှုတို့ ရောထွေးနေတဲ့ တစ်စုံတစ်ရာ ရိုက်ခတ်သွားတော့တယ်။ သံသရာဟာ ပြန်လည်တော့မှာလား

Endless LoopWhere stories live. Discover now