6

59 10 2
                                        

ခြိမ်းခြောက်မှုနဲ့ ပန်းချီပြခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ဆန်းဝန်းရဲ့စိတ်ကို ပိုပြီး ထိခိုက်စေတယ်။ ဂျောင်ဟွန် သူ့ကို ဘယ်လောက်ပဲ အားပေးပါစေ၊ သူ့ကို အမြဲခြောက်လှန့်နေတယ်။

ပန်းချီပြပွဲပြီးတဲ့နောက်မှာ ဆန်းဝန်း ဘာတစ်ခုမှ မလုပ်နိုင်တော့ဘူး

​"နင်ဒီလို ဆက်လုပ်လို့မဖြစ်ဘူး။ ဟိုကောင်က နင့်ကို စိတ်ပိုင်းဆိုင်ရာအရ ဖျက်ဆီးနေပြီ။ နင်ဒါကိုရင်ဆိုင်ရမယ်။"

​"ဘယ်လို ရင်ဆိုင်ရမှာလဲ ဂျီယွန်။ သူက ငါ့ဘဝတစ်ခုလုံးကို ထိန်းချုပ်နေပြီ။ ငါသူ့လက်ထဲကနေ ဘယ်လိုမှ ရုန်းထွက်လို့ မရတော့ဘူး။"

​ညဘက်ရောက်တော့ စတူဒီယိုထဲမှာ တစ်ယောက်တည်း ထိုင်နေတယ်။ ရုတ်တရက် ဖုန်းမြည်လာပြန်တယ်။ နာမည်ကိုကြည့်လိုက်တော့ LEO

​ "ငါ့ဆီ ပြန်လာခဲ့ ငါတို့ရဲ့ နေရာဟောင်းကို။ ဒီနာကျင်မှုတွေက ဘယ်တော့မှ မပြီးဆုံးနိုင်ဘူးဆိုတာ မင်းသိပါတယ်။ ငါတို့နှစ်ယောက် ဒီအတိုင်းပဲ ဖြစ်နေမှာ။"

​သူတို့ကြားက ဆွဲငင်အားဟာ အဆိပ်အတောက်ဖြစ်နေပေမယ့် ဘယ်သူမှ မပေးနိုင်တဲ့ စိတ်ခံစားမှု ပြင်းပြမှုကို ပေးနေတာ အမှန်ပဲ။ ဒီဆက်ဆံရေးကနေ ရုန်းထွက်ချင်နေပေမယ့် တစ်ချိန်တည်းမှာပဲ သူ့ကို လိုချင်နေပြန်တယ်။ ဒီလိုမျိုး စိတ်နှစ်ခွဖြစ်နေတာကပဲ ပိုပြီး နာကျင်စေတယ်။

​"မလာဘူး ငါနင့်ကို မတွေ့ချင်တော့ဘူး။"

​ "မင်းလာမှာပါ။ ငါသိတယ် မင်းမလွန်ဆန်နိုင်ပါဘူး ငါစောင့်နေမယ်။"

​ သူ့ရဲ့ နှလုံးသားရဲ့ အစိတ်အပိုင်းတစ်ခုက ဂျုံယွန်းပြောတာ မှန်နေတယ်လို့ ယုံကြည်နေတယ်။ သူတို့နှစ်ဦးဟာ ဘယ်တော့မှ မပြတ်နိုင်တဲ့ ကံကြမ္မာနဲ့ ချည်နှောင်ထားရတဲ့သူတွေ။

​နာရီဝက်ကြာတဲ့အခါမှာ ဆန်းဝန်း ကုတ်အင်္ကျီကို ဝတ်ပြီး တက္ကစီခေါ်ပြီး သူတို့ဆုံနေကျ နေရာဟောင်းကို သွားခဲ့တယ်။ သူ့ရဲ့ ခြေလှမ်းတွေက လေးလံနေပေမယ့် စိတ်ဝိညာဉ်က သူ့ဆီကို ဆွဲခေါ်နေတယ်။
သူတို့ရဲ့ နေရာဟောင်းဆိုတာ ဆိုးလ်မြို့လယ်က အထပ်မြင့် အဆောက်အအုံရဲ့ အပေါ်ဆုံးထပ် မှာရှိတဲ့ ဆန်းဝန်းရဲ့ ဇိမ်ခံတိုက်ခန်း။ အရင်က သူတို့ပျော်ရွှင်ခဲ့ဖူးတဲ့ နေရာ၊ တစ်ချိန်တည်းမှာ နာကျင်ခဲ့ရတဲ့ နေရာ။

​ တံခါးကို ဖွင့်လိုက်တော့ တိုက်ခန်းတစ်ခုလုံး မှောင်မိုက်နေတယ်။ ပြတင်းပေါက်ကနေ မြင်ရတဲ့ ဆိုးလ်မြို့ရဲ့ မီးရောင်စုံတွေသာ မှိန်ပျပျ လင်းနေတယ်။ ဂျုံယွန်းပြတင်းပေါက်နားမှာ ရပ်နေတယ်။ သူ့လက်ထဲမှာ ဝိုင်နီခွက်တစ်ခွက်။

​"မင်း ရောက်လာပြီ "

​အခန်းရဲ့ အလယ်ဗဟိုမှာ ရပ်ပြီး သူ့ကို တည့်တည့်ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေက ပင်ပန်းနွမ်းနယ်မှုနဲ့ ပြည့်နေတယ်။

​ "မင်းဘာလိုချင်တာလဲ"

​"မင်းကို လိုချင်တာ။ အမြဲတမ်းလိုပဲ"

ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဆန်းဝန်းဆီကို လျှောက်လာခဲ့တယ်။


နောက်ကျသွားလို့ မီယားနဲလ်ပါရှင်

Endless LoopWhere stories live. Discover now