Part - 13

115 19 20
                                        

ယွမ်ကျစ်တစ်ယောက်ကျောက်ယွမ်ကျိုးအခန်းထဲမှ ထွက်လာပြီးနောက်တွင်တော့ ယင်းလိန်နဲ့ရှောင်ကျိုတို့ရှိနေမည့် စာဖတ်ခန်းဆီကိုသာဦးတည်လိုက်လေသည်။ သို့သော် ခြေလှမ်းတို့ရပ်တန့်သွားရခြင်းမှာ ဥယာဉ်ငယ်အရှေ၌။

လက်ကောက်ဝတ်ထက်၌ ခပ်မှိန်မှိန်လေးရစ်ပတ်နေသည့် နက်ပြာရောင်မိစ္ဆာအငွေ့အသက်တို့မှာ အနည်းငယ်အရောင့်ရင့်လာလေသည်။

လက်စသတ်တော့ ဒီအရာကြောင့်ကို။ တစ်ခါတစ်လေဘာလိုလဲမသိပဲ သူကိုယ်တိုင်သွားချင်စိတ်မရှိပါပဲ လီလွင်ရှိရာနေရာဆီသို့အလိုလိုလျှောက်သွားမိနေခြင်းသည် ဆက်သွယ်ထားသည့်ထိုအရာကြောင့်ပင်။

အခုလည်း စာဖတ်ဆောင်ဆီသွားမည့်ခြေလှမ်းတို့သည် ဥယာဉ်ရှေ့၌ရပ်တန့်သွားရပြီး ထိုအမြင်ကပ်စရာကောင်းသည့် လီလွင်ရဲ့ မိစ္ဆာအငွေ့အသက်တို့ကို ခံစားနေရသည်လေ။

သက်ပြင်းဖွဖွချရင်း ဥယာဉ်ထဲလျှောက်ဝင်လာလိုက်တော့ ဘယ်သူ့မှမရှိ။ အနည်းငယ်လှည့်ပတ်ကြည့်လိုက်ခါမှ အစွန်းနားကျသည့်နေရာရှိ သစ်ပင်ကြီးနောက်၌ အနက်ရောင်နောက်ကျောတစ်ခုကိုမြင်လိုက်ရလေသည်။

မတ်တပ်ရပ်နေခြင်းမဟုတ် ထိုင်နေသည့်လည်းမဟုတ်ပါချေ။ ယွမ်ကျစ်သည် ရှေ့သို့ပိုတိုးသွာလိုက်ပြီး အနီးကပ်ကြည့်ရှု့လိုက်သည့်အခိုက်တွင်တော့ လီလွင်သည် မြေပြင်ထက်လက်တစ်ဖက် ထောက်ထားရင်း တစ်ဖက်မှာရင်ဘတ်ပေါ်သို့ဖိကိုင်ထားလျက် မြေပြင်ထက်တွင်တော့ သွေးတစ်ပွတ်ရှိလို့နေလေသည်။

'သူဒဏ်ရာရထားတာပဲ ဒီအချိန်ကိုအခွင့်အရေးယူပြီး ငါသူ့ကိုသတ်ပစ်လိုက်သင့်လား'

ယွမ်ကျစ်သည်အတွေးနဲ့အတူ သူ့ရဲ့လက်နက်ပုန်းတို့အား လက်ထဲအသင့်ကိုင်ထားလိုက်လေသည်။
လီလွင်သည် ဥယာဉ်ထဲရပ်လို့ မည်းမှောင်နေသည့်ကောင်းကင်ပြင်အားအသက်မဲ့စွာငေးကြည့်နေမိသည့်အခိုက် အောင့်တက်လာသည့်ရင်ဘတ်နဲ့အတူ သွေးတစ်ပွတ်သည်ပါးစပ်ထဲမှအန်ထွက်လာလေသည်။

လေးလံလာရသည့်ခန္ဓာကိုယ်သည် ကျူးယန့်နဲ့တိုက်ခိုက်ရင်းဒဏ်ရာရလာ၍လား နှလုံးသားကြောင့်လား။‌ ပြိုလဲချင်နေတဲ့ခန္ဓာကိုယ်ကြောင့် မြေပြင်ထက်မလဲကျသွားစေရန် ဒူးတစ်ဖက်ထောက်လက်တစ်ဖက်ထောက်ရင်းထိန်းထားလိုက်လေသည်။

2 DIFFERENT Donde viven las historias. Descúbrelo ahora