Part - 9

109 16 18
                                        

လီလွင်နဲ့ ယွမ်ကျစ်တို့သည် မြို့ငယ်လေးအတွင်းလျှောက်ဝင်လာပြီးနောက်တော့ မြို့အားအကဲခတ်ကြည့်ရှု့ရင်း ခပ်ဖြေးဖြေးလျှောက်နေလေသည်။

လီလွင်ခြေလှမ်းတို့သည်တော့အကြောင်းမဲ့တုံ့ဆိုင်းလို့နေပြီး ယွမ်ကျစ်သည်တော့မြောက်ကြွမြောက်ကြွနှင့်ရှေ့ကသွားနေလေသည်။

လီလွင်သည် ပထမအကြိမ်ကျွော်ယိချန်နဲ့အတူ ဒီမြို့ငယ်လေးဆီရောက်ခဲ့တုန်းက ညဘက်ဖြစ်နေသည့်အတွက်ပတ်ဝန်းကျင်အားသေချာမမြင်တွေ့ခဲ့ရပါချေ။ ထို့ကြောင့်အသေးစိတ်အကဲခတ်နေခြင်းပင်။ ယွမ်ကျစ်ခြေလှမ်းတို့မှာဈေးတန်းလေးအတွင်းမှ ဆိုင်တစ်ဆိုင်ရှေ့ရပ်တန့်သွားတာကြောင့် အနောက်မှလိုက်လာသည့် လီလွင်သည်လည်းရပ်တန့်သွားရလေသည်။

ယွမ်ကျစ်သည် မုန့်ချိုလေးတစ်ခုအား လက်နဲ့ယူလိုက်ပြီး ဆိုင်ရှင်အားကြည့်လို့

"ဆိုင်ရှင် ဒါက ကြာပန်းတစ်ရာမုန့်လား"

"ဟုတ်တယ် ဒီမုန့်က ဒီလိုအချိန်ဆို တစ်မြို့လုံးမှာ ဒီတစ်ဆိုင်ပဲရတယ် ဒီကသခင်လေးယူသွားမလား"

"ဒါဆို ကျွန်တော် နည်းနည်းယူမယ်"

"ကြာပန်းတစ်ရာမုန့်. မင်းရောကြိုက်တာလား"

မုန့်ဝယ်လို့ ငွေစတို့အားရှင်းနေသည့် ယွမ်ကျစ်အားကြည့်လို့ လီလွင်မှမေးလိုက်မိခြင်းပင်။ ယွမ်ကျစ်သည်လီလွင်အားလှည့်ကြည့်လာပြီး

"မကြိုက်ဘူး ငါအချိုမစားဘူး ဒါပေမယ့်.."

ယွမ်ကျစ်သည်စကားစအားရပ်လို့ သူ့လက်ထဲကမုန့်တို့ကိုကြည့်လိုက်ပြီး

"မင်းလိုပဲလေ ဒီမုန့်ကိုကြိုက်တဲ့ တစ်စုံတစ်ယောက်ကို သဘောကျလို့"

လီလွင်သည် ယွမ်ကျစ်စကားကြောင့် ဖွဖွသားပြုံးလိုက်မိပြီး နောက်တော့ ဆိုင်ရှင်အားကြည့်လို့

"ဆိုင်ရှင် တစ်ဆိတ်လောက်မေးပါရစေ ကြားဖူးလားမသိဘူး ကုန်းအိမ်တော်ရဲ့ အဆိပ်သခင်လေးဆိုတာ.."

ဆိုင်ရှင်သည် ချက်ချင်းမော့ကြည့်လာပြီး တိုးတိုးပြောရန်လက်ဟန်လေးလုပ်ပြလာပြီး သူကိုယ်တိုင်သည်လည်း ခပ်တိုးတိုးသာပြောလာလေသည်။

2 DIFFERENT Where stories live. Discover now