Part - 1

503 39 35
                                        

"အားးး လူသေနေတယ်!!"

မိန်းမငယ်လေးတစ်ယောက်၏ အော်သံသည် အခန်းတွင်းမှ ကျယ်လောင်စွာ ထွက်လာတာကြောင့် အစောင့်တစ်ချို့နဲ့ စံအိမ်အကြီးအကဲတို့ ရောက်လာကြတော့သည်။

ရုပ်ပျက်ဆင်းပျက်ဖြစ်သည်အထိ သတ်ဖြတ်ခံထားရသော အလောင်းတစ်ခုနှင့် သွေးပျက်ခြောက်ခြားနေသော မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်လေ။

မိန်းမငယ်လေးအား စစ်ဆေးမေးမြန်းပြီးနောက်တော့ အမှု့အား အထက်အရာရှိတွေဆီတင်ပြပြီး
လွဲအပ်လိုက်တော့သည်။

ထိုကဲ့သို့ လူသေမှုတို့သည် ကြွယ်ဝချမ်းသာစည်ကားလှသော ထျန်းသူးမြို့အတွင်း၌ ဆက်တိုက်ဖြစ်ပေါ်နေပြီး တရားခံအား ရှာမရခြင်းကြောင့် မြို့သူမြို့သားတို့သည် ထိန့်လန့်ကြောက်ရွံ့လို့နေသည်။

အပြင်ထွက်တော့လည်း အသတ်ခံရသည် အိမ်ထဲပုန်းနေတော့လည်း အသတ်ခံရသည်။

တကယ်ပင်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ကြောက်ရွံ့လို့နေကြရသည်။

ထိုလူသတ်သမားတို့ ယခုကဲ့သို့ မကြောက်မရွံ့ သတ်ဖြတ်နေရဲခြင်းမှာ ထိုကဲ့သို့ ဆန်းကြယ်လှသော မကောင်းဆိုးဝါးမိစ္ဆာတို့နှင့် ပတ်သတ်သည့် လူသတ်မှုတို့အား ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့်
ကျွော်အိမ်တော်၏ ဆက်ခံသူ ညီအစ်ကိုနှစ်ယောက် ရှိမနေခြင်းကြောင့်ဖြစ်သည်။

ကျွော်အိမ်တော်သည် မကောင်းဆိုးရွားမိစ္ဆာတို့ကို
ဖမ်းဆီးနှိမ်နင်းပေးနိုင်သည့် စွမ်းအင်တို့အား ဆက်ခံထားပြီး မိစ္ဆာအမဲလိုက်ဌာနဟုခေါ်သည် ဌာနတစ်ခုအား တည်ထောင်ထားပြီး ထျန်းသူးမြို့အားကာကွယ်ပေးသည်။

လက်ရှိကျွော်အိမ်တော်၌ သခင်လေးနှစ်ယောက်သာရှိ၍ ပထမသခင်လေးမှာ ကျွော်ယိရွမ်းဖြစ်ပြီး
မိစ္ဆာအမဲလိုက်ဌာန၏ ခေါင်းဆောင်ဖြစ်သည်။

ဒုတိယသခင်လေးမှာ ကျွော်ယိချန်ဖြစ်ပြီး
မိစ္ဆာအမဲလိုက်ဌာန၏ တပ်မှူးဖြစ်သည်။

ကျွော်ညီအစ်ကိုနှစ်ယောက်လုံးသည် ထူးချွန်ထက်မြတ်ပြီး ချောမောတည်ငြိမ်လွန်းတာကြောင့် ထျန်းသူးမြို့မှ မိန်းကလေးတို့၏ အိပ်မက်ပင်။

2 DIFFERENT Where stories live. Discover now