အမှောင်ထုကြီးစိုးလာသည့် ညအခါသည်တိတ်ဆိတ်လျက်။ ကျောက်ယွမ်ကျိုးသည် ကုတင်ထက်အိပ်စက်နေပြီဖြစ်သော ကျွော်ယိချန်၏ အမူအရာတစ်ခုချင်းဆီ လှုပ်ရှားမူတစ်ခုချင်းဆီတိုင်းကို ဘေးမှသာထိုင်ကြည့်လို့နေလေသည်။
အအေးဓာတ်ပိုသည့်ညအခါသည် အိမ်မက်ဆိုးတို့အား ပုံဖော်လို့နှိုးဆွပေးလေသည်။ အေးချမ်းစွာအိပ်စက်နေခဲ့သောကျွော်ယိချန်သည် ရုတ်ရပ်မျက်ခုံးတန်းတို့တွန့်ချိုးလျက် လက်တို့သည်လည်း အိပ်ရာခင်းစအားတင်းတင်းဆုပ်ကိုင်လာလေသည်။
နာကျင်စွာနှင့် ခေါင်းတို့အားခါရမ်းလာတာကြောင့် ကျောက်ယွမ်ကျိုးသည် အိပ်ရာခင်းစအားဆုပ်ကိုင်ထားသည့် ကျွော်ယိချန်လက်လေးအား အပေါ်မှထပ်လို့ဆုပ်ကိုင်လိုက်ပြီး စွမ်းအားတို့လွှဲပြောင်းပေးရင်း
"ရှောင်ကျွော်.."
ကျွော်ယိချန်မျက်ဝန်းတို့မှာ ဆက် ခနဲပွင့်လာပြီး ကျောက်ယွမ်ကျိုးကိုမြင်တော့ အလန့်တကြားနဲ့ကုတင်ထက်ထထိုင်ရင်း နောက်သို့ဆုတ်သွားပြီး ဘေးဘက်ခုံပေါ်ကဓားအားဆွဲယူလို့
"မင်းရှေ့တိုးမလာနဲ့ မင်းဘယ်သူလဲ!"
ကျောက်ယွမ်ကျိုးမျက်ခုံးတန်းတို့မှာတွန့်ချိုးသွားပါသော်လည်း ချက်ချင်းပင် အနုညံ့ဆုံးပုံစံပြန်ဖြစ်သွားရပြီး
"ရှောင်ကျွော်.. ကိုယ်ပါ မင်းသေချာကြည့်ပါဦး"
ကျွော်ယိချန်သည် ခေါင်းအားဖိကိုင်ရင်း နာနာကျင်ကျင်တစ်ချက်ညည်းညူမိပြီး ခေါင်းအားခါရမ်းလိုက်ပြီးနောက်တွင်တော့ ကျောက်ယွမ်ကျိုးအားပြန်မော့ကြည့်လာလျက်
"ယွမ်.. ယွမ်ကျိုး.."
ထိုအခါမှ ကျောက်ယွမ်ကျိုးသည်ဓားကိုင်ထားသည့်ကျွော်ယိချန်လက်လေးအားဖွဖွဆွဲကိုင်လာပြီး လက်ထဲကဓားကိုပြန်ယူလိုက်ပြီး ဘေးဘက်သို့ပြန်တင်ထားလိုက်လေသည်။နောက်တော့ကျွော်ယိချန်ကိုယ်လေးအားသူ့ရင်ခွင်ထဲဆွဲထည့်လိုက်ပြီး
"ဘာမှမဖြစ်တော့ဘူး ကိုယ်ပါ"
ကျွော်ယိချန်သည်လည်းကျောက်ယွမ်ကျိုးရင်ခွင်ထဲမှီတွယ်ရင်း လက်မောင်းတို့ထက်ဆုပ်ကိုင်ထားပြီး
YOU ARE READING
2 DIFFERENT
Fanfictionအရှုပ်အထွေးတွေကြား ညီအစ်ကိုတွေမှန်းမသိကြတဲ့ ကျွော်ယိချန်နဲ့ ကုန်းယွမ်ကျစ်တို့ နေရာလွှဲသွားကြတဲ့အခါ ... ကျူးကျော် × လွင်ယွမ် Start Date "20.4.2025" (Sun) End Date ~~~~~~~~~~~~~~~~~~
