Part - 3

269 33 12
                                        

"ဘယ်လိုဖြစ်တာလဲ!"

ကျွော်ယိရွှမ်းရဲ့ အမေးစကားကြောင့် လီလွင်သူ့လက်ထဲက တိမ်အလင်းဓားကို တစ်ချက်ကြည့်လိုက်ပြီး

"ကျွန်တော့်အမှားပါ ရန်သူက ရှောင်ကျွော်ဆီ ပစ်မှတ်ထားနေတာကို မရိပ်မိလိုက်ဘူး သူဘယ်လိုနေသေးလဲ"

"ဒဏ်ရာရထားတယ် အခုတော့အနားယူနေတယ်
အမှု့ဖြစ်စဉ်ကိုပြန်ကြည့်တာ ဘယ်လိုနေလဲ"

"ကပ်ပါးတဲ့မိစ္ဆာတစ်မျိုးပါ လူ့အရိပ်နဲ့ရောထွေးပြီး လူတွေရဲ့ခန္ဓာကိုယ်မှာ ကပ်တွယ်နေထိုင်တယ် အဆီအနစ်တွေစားသုံးတယ် စားလို့ဝသွားရင် နောက်ခန္ဓာကိုယ်တစ်ခုအသစ်ရှာတယ် ကျန်ခဲ့တဲ့လူက အဆီအနစ်ကုန်ဆုံးပြီး သေတယ် သူတို့ကို အရိပ်မိစ္ဆာလို့ခေါ်တယ် ရှားပါးမျိုးစိပ်ပဲ"

ကျွော်ယိရွှမ်းသည်ခေါင်းညိတ်ရင်း

"သဲလွန်စလည်းရှိနေပြီဆိုတော့ ငါတို့အမြန်လှုပ်ရှားရမယ် ရှောင်ချန်ကိုတော့ ခဏလောက်ဖယ်ထားလိုက် သူနားပါစေ"

"ဟုတ်ကဲ့"

လီလွင်သည် ကျွော်ယိချန်အခန်းထဲသို့ ဝင်လာပြီး
သတိရမလာသေးတဲ့ ကျွော်ယိချန်အားကြည့်လို့ မျက်မှောင်ကြုတ်လိုက်မိသည်လေ။

ရင်းနှီးသည့် မျက်နှာပေမယ့် ဘာလို့များ မရင်းနှီးသလို ခံစားနေရတာပါလိမ့်။

တစ်ခုခုကတော့ မူမမှန်ဘူး။

လီလွင်သည် ကုတင်ထောင့်၌ထိုင်လိုက်ပြီး ကျွော်ယိချန်ရဲ့ လည်ပင်းသွေးကြောကိုစမ်းကြည့်လိုက်မိသည်။

မူမမှန်တာတော့ဘာမှမရှိ။

ဆေးခွက်နဲ့အတူ အစေခံမိန်းကလေးတစ်ယောက်ဝင်လာတာကြောင့် လီလွင်သည် ဆေးခွက်အားယူလိုက်ပြီး

"ငါတိုက်လိုက်မယ်"

"ဟုတ်ကဲ့"

အစေခံမိန်းကလေးလှည့်ထွက်သွားတော့မယ်အချိန် လီလွင်သည် လှမ်းတားလိုက်သည်။

"ခဏ"

အစေခံမိန်းကလေးသည် ပြန်လှည့်ကြည့်လာပြီး

"လီလူကြီးမင်း တစ်ခုခုခိုင်းစရာရှိလို့လား"

လီလွင်သည်ခေါင်းညိတ်လိုက်ရင်း

2 DIFFERENT Where stories live. Discover now