"ယွမ်ကျိုး.. ငါဘာဖြစ်မှန်းမသိဘူး ရုတ်တရပ်အရာအားလုံးကိုမေ့မေ့သွားတယ် မင်းကြည့်လေ မင်းကိုတောင်ငါမေ့သွားတော့မလို့"
"ဘာမှမဖြစ်ဘူး မင်းမေ့သွားလည်း ကိုယ်မင်းရှေ့မှာပဲရှိနေပြီး မင်းလက်ကိုဆုပ်ကိုင်ထားမှာ"
"ယွမ်ကျိုး. အဲ့ဒီ့ဓား အဲ့ဒီ့ဓားရဲ့ရင်းနှီးတဲ့အငွေ့အသက်တွေကို ခံစားနေရပြန်ပြီ"
ကျောက်ယွမ်ကျိုးသည်သူ့စွမ်းအားအနည်းငယ်အားကျွော်ယိချန်ကိုယ်ထဲလွှဲပြောင်းပေးရင်း
"ဘာမှမဖြစ်ဘူး ညညှည့်နက်နေပြီး ရှောင်ကျွော် အိပ်တော့နော်"
"အင်း"
အချိန်ခဏအကြာသူ့ရင်ခွင်ထဲအသက်ရှူမှန်မှန်နဲ့ ပြန်လည်အိပ်ပျော်သွားပြီဖြစ်တဲ့ကျွော်ယိချန်အားကြည့်ရင်း ဆံနွယ်စတို့အား ဖွဖွထိကိုင်မိလေသည်။ ယွမ်ကျစ်ပြောဖူးတယ် မှတ်ဉာဏ်တွေကိုပျက်စီးစေတဲ့အဆိပ်မျိုးက ကြောက်စရာကောင်းပြီး ဘေးထွက်ဆိုးကျိုးများလွန်းတယ်။ ကျွော်ယိချန်ရဲ့ ဒီလိုအခြေအနေကဘေးထွက်ဆိုးကျိုးတွေကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာ ကျောက်ယွမ်ကျိုးသေချာသိပါသည်လေ။
'ဘာမှမဖြစ်ဘူး ဒီလိုဆိုလည်းကောင်းတာပဲ ကိုယ်မင်းကိုဒီကနေခေါ်ထုတ်သွားမယ် ဘယ်တော့မှပြန်မလာတော့ဘူး ဘယ်သူမှရှာမတွေ့နိုင်မယ့် တစ်နေရာမှာ ကိုယ်တို့အတူ အခြေချပြီးနေထိုင်ကြမယ် မင်းဘယ်သူ့ကိုမှမှတ်မိနေဖို့မလိုဘူး ကိုယ်တစ်ယောက်ထဲကိုမှတ်မိနေရင်ပဲရပြီ'
ရုတ်တရပ်အချက်ပြလာသည့်မိစ္ဆာအငွေ့အသက်ကြောင့် ကျောက်ယွမ်ကျိုးသည် ပြတင်းပေါက်တံခါးဘက်ကို လှည့်ကြည့်လိုက်ရင်း
"ချင်းကန်း!"
ကျောက်ယွမ်ကျိုးလည်း ယိချန်ကိုယ်လေးအိပ်ယာထက်ညှင်သာစွာချပေးလိုက်ပြီးနောက်တော့
စောင်ထူထူအားဆွဲတင်လို့ခြုံပေးလိုက်ပြီး အကာအကွယ်တစ်ခုချခဲ့ပြီးနောက်တော့ အပြင်သို့ထွက်သွားလေသည်။
တစ်ဖက်အခန်းမှ ယွမ်ကျစ်သည် အိပ်စက်နေရင်းကနေတုန်ခါလာလွန်းသည့် တိမ်အလင်းဓားကြောင့် နိုးလာရပြီး ဓားအားဆွဲယူလို့ကိုင်လိုက်ပါသော်လည်း ငြိမ်မသွားပဲ ဆက်တိုက်တုန်ခါနေရင်း အပြာရောင်အလင်းတို့ပင်ထွက်လာလေသည်။
YOU ARE READING
2 DIFFERENT
Fanfictionအရှုပ်အထွေးတွေကြား ညီအစ်ကိုတွေမှန်းမသိကြတဲ့ ကျွော်ယိချန်နဲ့ ကုန်းယွမ်ကျစ်တို့ နေရာလွှဲသွားကြတဲ့အခါ ... ကျူးကျော် × လွင်ယွမ် Start Date "20.4.2025" (Sun) End Date ~~~~~~~~~~~~~~~~~~
Part - 11
Start from the beginning
