-Once Again-
"ဒီဖယောင်းတိုင်တွေကိုသိပါသလားမိဖုရား"
ကိုယ်ရံတော်ချန်က ဖယောင်းတိုင်များကိုထုတ်ကာ မိဖုရားရှေ့သို့ပြပြီးမေးသည်။
"မသိဘူး...ခဏနေပါအုံး ကိုယ်ရံတော်ကျန်း
အရှင်မင်းကြီးက ငါ့ကိုဘာသံသယနဲ့ဒီနေရာမှာရပ်ခိုင်းနေရတာလဲ"
မိဖုရားရွှန်းရမ်က ကိုယ်ရံတော်ကျန်းကိုကျော်လွန်ကာ မင်းကြီးကိုလှမ်းကြည့်ပြီးမေးသည်။
"အဲဒီဖယောင်းတိုင်တွေက မင်းတို့ဟန်တိုင်းပြည်ကလာတာတွေလေ စိတ်လှည့်စားဖို့အတွက်အသုံးပြုတဲ့ကန့်သတ်ကုန်ပစ္စည်း"
"အို...မဟုတ်တာအရှင်မင်းကြီး
ဒါက ကောင်းကောင်းအိပ်ပျော်စေတဲ့ ရိုးရိုးရနံ့ဖယောင်းတိုင်ပါ"
"ကောင်းပြီ ပေးလိုက် ဒီညီလာခံမှာရှိတဲ့လူအကုန်လုံးကိုအဲဖယောင်းတိုင်ပေးပြီး အကုန်ထွန်းလိုက် မိဖုရားအပါအဝင် ဒီမှာရှိတဲ့လူအကုန်ရှေ့ ဖယောင်းတိုင်ထွန်းပြီး ဒီနန်းဆောင်ကိုတစ်ပတ်တိတိ ငါကိုယ်တော်ပိတ်ထားမယ် လက်ခံသလား"
ဘာအကြောင်းအရင်းမှန်းမသိသည့်ညီလာခံအတွင်းရှိလူတွေကတော့ အခုထိ အချင်းချင်းမျက်လုံးကြည့်ကာသာ မေးခွန်ထုတ်နေကြရသည်။
"ဟန်တိုင်းပြည်ရဲ့မင်းသမီးကို ငါကိုယ်တော်ရဲ့မိဖုရားအဖြစ် ငါကိုယ်တော်တိုင်ခေါ်လာတာဖြစ်တဲ့အတွက် မိဖုရားနဲ့ပေါင်းစည်ခြင်း မပေါင်းစည်းခြင်းက ငါကိုယ်တော်ပဲဆုံးဖြတ်ချက်ခွင့်ရှိတယ်...မိဖုရားရော ဒီနေရာမှာရှိတဲ့လူဘယ်သူမှ စောဒကတက်ပိုင်ခွင့်မရှိဘူး"
"အရှင်မင်းကြီး... ခင်ပွန်းသည်ရဲ့ကြင်နာယူရမှုကို မိန်းမတစ်ယောက်လိုလားတာ အပစ်တစ်ခုပါလား အရှင်က ကျွန်မကိုမိဖုရားလိုတောင်မဆက်ဆံပေးတာ ကျွန်မလောဘခွင့်မရှိတော့ဘူးလား"
"ရှိတာပေါ့ မိဖုရားက ငါကိုယ်တော်ရဲ့တစ်ယောက်တည်းရှိတဲ့မိဖုရားမို့အဲဒီအခွင့်အရေးအပြည့်ရှိတယ်..ဒါပေမဲ့ ငါကိုယ်တော်ကိုလှည့်စားတာမျိုးတော့မဟုတ်ဘူး...ငါကိုယ်တော်ရဲ့စိတ်ကိုလှည့်စားခဲ့တာနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်မျိုးမိဖုရားကိုပေးရလိမ့်မယ်"
YOU ARE READING
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
