-Once Again-
ညပိုင်းတွင်နန်းတော်ထဲ၌ ဟန်အိမ်ရှေ့စံမင်းသားအတွက်နှုတ်ဆက်ပွဲရှိတာကြောင့် နန်းတွင်းအလုပ်သမားများအနည်းငယ်အလုပ်များနေကြသည်။
မိဖုရား၏သဘောဆန္ဒမို့ အရှင်မင်းကြီးကလည်းခွင့်ပြုပေးထားရသည်။
"အရှင်မင်းကြီး ရေချိုးဖို့အသင့်ပြင်ထားပြီးပါပြီ"
"ဟုတ်ပြီ အထိန်းတော်ကြီး၊ ကိုယ်တော့်အတွက် သမားတော်စီကိုဆေးတစ်ဖုံလောက်သွားစီစဥ်ခိုင်းပေးပါအုံး"
"ဘယ်ကများနေမကောင်းလို့ပါလဲအရှင်မင်းကြီး"
"မျက်လုံးနည်းနည်းဝါးနေတာ နှစ်ရက်လောက်ရှိပြီအထိန်းတော်ကြီး တခါတရံမူးမိုက်သွားတာမျိုးရောပဲ"
"အရှင်မင်းကြီး ညဘက်တွေအိပ်မပျော်ဘူးလားဘုရား ကျွန်တော်မျိုးကိုစောစောပြောရင် အိပ်ပျော်ဖို့ဆေးစပ်ခိုင်းပေါ့ဘုရား"
"သိပ်လည်းမစိုးရိမ်ပါနဲ့အထိန်းတော်ကြီးရယ်"
အရှင်မင်းကြီးက အထိန်တော်ကြီးစိတ်မပူစေရန်ပြောပြီးရေချိုးဆောင်ဘက်သို့ဝင်သွားသည်။
အထိန်းတော်ကြီးကလည်း ဆေးစပ်ခိုင်းရန်အတွက်သမားတော်စီထွက်သွားသည်။
အထိန်းတော်ကြီးထွက်သွားပြီးနောက် အရှင်မင်းကြီး၏နန်းဆောင်သိူ့မိဖုရားရွန်းရမ်ရောက်လာသည်။
မိဖုရားရွှန်းရမ်သည် ကြင်ယာတော်နှင့်အလားသဏ္ဍာန်တူသည့်ဝတ်ရုံအနီအားဝတ်ဆင်ထားပြီး အခါတိုင်းနှင့်ကွဲပြားစွာသူမ၏ဆံနွယ်ရှည်တို့အားဖြန့်ချထားပြီး နေဝင်ခါစဆည်းဆာအောက်တွင်အတော်ကိုလှသွေးကြွလျှက်ရှိသည်။
သူမ၏နှုတ်ခမ်းထက်က အောင်နိုင်သူသဖွယ်အပြုံးသည် လှပသော်လည်း သူမ၏မျက်လုံးများကတော့ကြောက်မက်ဖွယ်ကောင်းစွာစူးရဲလျှက်ရှိသည်။
ဒီလိုနေ့မျိုးကိုရောက်လာဖို့သူမစိတ်ရှည်စွာစောင့်ပြီး အရှင့်ကိုလှည့်စားနိုင်ဖို့ဘယ်လောက်တောင်ကြိုးစားခဲ့ရတာမို့လဲ။
အရှင့်ရဲ့နန်းဆောင်ထဲကိုသူမရောက်တော့ ဘယ်သူမှရှိမနေ။
နန်းဆောင်အပြင်ကအစေခံများကိုလည်း သးမထွက်သွားခိုင်းပြီးသားမို့နှောက်ယှက်ပေးရဲသူတစ်ဦးမှမရှိ။
YOU ARE READING
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
