-Once Again-
"အရှင်မင်းကြီး မယ်မယ်မိဖုရားကအခေါ်တော်ရှိလိုက်ပါတယ်"
အခမ်းအနားပြီးသည်နှင့်မယ်တော်ချက်ချင်းထပြန်သွားတာကို ရွှီနင်သိသည်။
ထင်သည့်အတိုင်းပါပဲ..သူမရဲ့အစေခံကိုလွှတ်ပြီးအခေါ်ရှိလိုက်ပြန်သည်။
"ကောင်းပြီ ငါကိုယ်တော်လာခဲ့မယ်……
အထိန်းတော်ကြီး မိဖုရားကို သူ့အဆောင်တော်လိုက်ပို့ပေးလိုက်ပါ"
"မှန်လှပါမင်းကြီး"
မင်္ဂလာ အခမ်းအနားကနေ မယ်မယ့်အဆောင်စီတန်းလာခဲ့သည်။
ဘာအတွက်ခေါ်တယ်ဆိုတာ ရွှီနင်သိထားပြီးသားပဲဖြစ်သည်။
"သားတော်ရောက်ပါပြီမယ်မယ်"
"မင်းကြီး!! ဘယ်လိုများပြုမူလိုက်တာပါလဲဘုရား"
ရွှီနင်အပေါ်မယ်မယ်ဒေါသထွက်နေသည့်အခါ မင်းကြီး ခေါ်တတ်ပြီး ထင်ရာလုပ်သည်ဟုပြောလိုခြင်းဖြစ်သည်။
"သားတော်ဘာအမှားများပြုမိလို့လဲမယ်မယ်"
"မိဖုရားခေါင်အပ်နှင်းပွဲမှာ ကြင်ယာတော်ကိုဦးစားပေးနေတာ ဟန်ပြည့်ရှင်သာသိရင် သုံးပြည်ထောင်အတွက် အန္တာရာယ်ရှိတယ်ဆိုတာ မင်းကြီးမတွေးမိတာပါလားဘုရား"
"အဲဒီလိုဖြစ်လာမှာမဟုတ်လို့ စိတ်မပူပါနဲ့မယ်မယ်"
"အခမ်းအနားပွဲကိုတက်ရောက်တဲ့ ကြင်ယာတော်ရဲ့ပုံစံကို
မင်းကြီးကခွင့်လွတ်နိုင်ပေမဲ့ မယ်မယ်ကတော့ခွင့်မလွတ်နိုင်ဘူး သူ့ကိုအပြစ်ပေးရလိမ့်မယ်"
"သားတော်ကြည်ဖြူတာမို့ ကျစ်ယွီကိုမထိပါနဲ့မယ်မယ်
သူပျော်ရင်ရပြီမို့လို့ သားတော်သူ့တစ်ယောက်ကိုပဲကြည့်ပါတယ် တခြားပြောစရာမရှိတော့ရင် သွားခွင့်ပြုပါမယ်မယ်"
"အဲ့ဒီစုန်းကဝေရဲ့လက်ကနေသားတော်ကို
ဘယ်လိုကယ်တင်ရမလဲဆိုတာ မယ်မယ်ဖြင့် မစဉ်းစားနိုင်တော့တဲ့အထိပဲ"
"သားတော်ကိုယ်တိုင်တွယ်ငြိချင်တဲ့နေရာမို့
မကယ်တင်ပါနဲ့မယ်မယ်
ဘယ်သူနဲ့ယှဉ်ယှဉ်သားတော်ရဲ့ရွေးချယ်မှုက ကျစ်ယွီပဲဖြစ်မယ်ဆိုတာ မယ်မယ်သိပါတယ်
ယုတ်စွအဆုံး သားတော်လက်ရှိထိုင်နေတဲ့နေရာနဲ့လဲလှယ်ဖို့အထိ သူကအရေးပါတဲ့သူပါ"
DU LIEST GERADE
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
