Part 3

808 84 7
                                        

-Once Again-

သုံးပြည်ထောင် နယ်စပ်ကျော်လွန်ကာ ဟန်တိုင်းပြည်ဘက်ဝင်ရောက်ပြီး မကြာလိုက် လုပ်ကြံသူတွေရောက်လာသည်။

"အရှင်မင်းကြီး တော်ဝင်စစ်သည်တွေနဲ့ ဟန်နိုင်ငံထဲကိုအရင်ဝင်နှင့်လိုက်ပါ ကျွန်တော်မျိုးတို့ လုပ်ကြံသူကိုရှင်းလင်းပြီးလိုက်လာပါ့မယ်"

"ဘယ်သူခိုင်းတာလဲဆိုတာ တခါထဲစုံစမ်းပါစစ်သူကြီး"

"ဟုတ်ကဲ့ အရှင်မင်းကြီး"

နဂါးတပ်ဖွဲ့ကိုထားခဲ့ကာ လုပ်ကြံသူတွေနဲ့ဝေးရာစီသို့ တော်ဝင်စစ်တပ်နှင့်အတူ ရှောင်ထွက်ခဲ့သည်။
ကိုယ်တိုင်အထူးလေ့ကျင့်ပေးခဲ့သည့် သူတွေမို့ လုပ်ကြံသူကိုဖော်ထုတ်နိုင်မည်ဆိုတာယုံကြည်လိုက်သည်။

ဟန်နိုင်ငံရဲ့နန်းတော်စီဝင်တော့ အထူးတလည်ပြင်ဆင်မှုများနှင့် ကြိုဆိုသည်။

"လမ်းခရီးအဆင်ပြေခဲ့ပါရဲ့လားမင်းကြီးထျန်း"

"ချောချောမွေ့မွေ့ပါပဲ ဟန်နိုင်ငံပြည့်ရှင်"

"ကြိုဆိုမှုက ထင်သလောက် မခမ်းနားခဲ့ရင်
မင်းကြီးထျန်းကပဲနားလည်ပေးပါ"

"မဟုတ်တာပဲ … လိုတာထက်တောင်ပြည့်စုံလွန်းပါတယ်"

"မင်းကြီးထျန်းကို မိတ်ဆက်ပေးပါရစေ
ဒီဘက်က ကိုယ်တော့်ရဲ့သားတော် ဟန်အိမ်ရှေ့စံမင်းသားပါ"

"သတင်းတွေကြားပါတယ် အိမ်ရှေ့စံ
ဟန်မင်းကြီးအရမ်းအားကိုးရတယ်မဟုတ်လား"

"ကျွန်တော်တို့နိုင်ငံကို လာခဲ့ပေးတာ ဝမ်းမြောက်မိပါတယ်အရှင်မင်းကြီး"

ဟန်အိမ်ရှေ့စံက ဖော်ရွေဟန်ပြောသော်လည်း
သူ၏မျက်လုံးအကြည့်အား ထျန်းရွှီနင်သဘောမတွေ့လှ။
ကြားရသည့်သတင်းတွေအရ ဟန်အိမ်ရှေ့စံက ဟော့ဟော့ရမ်းရမ်းရှိသည့်သူဖြစ်ပြီး မိမိတို့နိုင်ငံဘက်ကိုလဲခြေဆန့်ချင်သူဖြစ်သည်။

"ဒါကတော့ ဟန်နိုင်ငံရဲ့မင်းသမီး
သမီးတော် ရွှန်းရမ်ပါ မင်းကြီးထျန်းနဲ့
ငယ်ငယ်ကတော့ဆုံဖူးကြတယ် မှတ်မိနိုင်ဖို့မျှော်လင့်ပါတယ်"

Once Again - TianZiyuWhere stories live. Discover now