Part 2

1K 82 0
                                        

-Once Again-

"အရှင်မင်းကြီး……ကြင်ယာတော်ရဲ့ကိုယ်ရံတော်ချန်ရောက်လာကြောင်းပါဘုရား"

"အင်း ဝင်လာခိုင်းလိုက်"

ဖတ်လက်စအစီရင်ခံစာကို ထျန်းရွှီနင်ခေါက်သိမ်းလိုက်သည်။

"အရှင်မင်းကြီးကို အရိုအသေပေးပါတယ်"

"အင်း ကိုယ်ရံတော်ချန် လာထိုင်"

ကိုယ်ရံတော်ချန်က အရိုအသေပေးပြီးနောက် မျက်နှာချင်းဆိုင်တွင်ထိုင်သည်။

"အရှင်မင်းကြီး…ကျွန်တော်မျိုးကို ဘာလို့များတွေ့ချင်ရတာပါလဲဘုရား"

"ကိုယ်ရံတော်ချန်"

"ဟုတ်ကဲ့ ပြောပါအရှင်မင်းကြီး"

"ကိုယ်တော် ဟန်တိုင်းပြည်ကို ချစ်ကြည်ရေးအတွက်သွားစရာရှိတယ် တစ်လလောက်အနည်းဆုံးကြာနိုင်တယ်"

"ဟုတ်ကဲ့ ကျွန်တော်မျိုးသိထားကြောင်းပါအရှင်မင်းကြီး"

"ကိုယ်တော်မရှိတဲ့အချိန်မှာ ကြင်ယာတော်ကို အခုထက်ပိုပြီး ဂရုစိုက်ပေးလို့ရမလား…
ဒီနန်းတော်မှာ ကြင်ယာတော်အတွက်စိတ်ချယုံကြည်မိတဲ့သူက မင်းတို့သားအဖနှစ်ယောက်အပြင်မရှိတာမို့လေ"

"ယုံကြည်မှုအတွက် စိတ်မပျက်စေရပါဘူး အရှင်မင်းကြီး
ကျွန်တော်မျိုးက အရှင်မင်းကြီးနဲ့ကြင်ယာတော်ရဲ့သစ္စာတော်ခံတစ်ယောက်ပါ…ဘယ်တော့မှ အထိခိုက်မခံနိုင်ပါဘူး"

"ကျေးဇူးတင်တယ် ကိုယ်ရံတော်
မတတ်သာတဲ့ခရီးမို့သာ ကိုယ်တော်သွားရတာပါ
ကြင်ယာတော်ကိုနည်းနည်းလေးတောင်စိတ်မချဘူး
ခေါ်သွားဖို့ကလဲ တဖက်တိုင်းပြည်ကို ကိုယ်တော်အပြည့်အဝမယုံကြည်နိုင်ဘူးလေ"

"နားလည်ပါတယ် အရှင်မင်းကြီး
ခရီးကနေ ကောင်းကောင်းမွန်မွန်ပြန်လာနိုင်ဖို့မျှော်လင့်ပါတယ် ကြင်ယာတော်ကိုလဲ ဆံချည်တစ်မျှင်တောင် မထိခိုက်စေရဘူးလို့ ကျွန်တော်မျိုးကတိပေးပါတယ်"

ဒီလောက်ဆိုရင်တော့ ထျန်းရွှီနင်စိတ်သက်သာရပါပြီ။
ကြင်ယာတော်ရဲ့ဘေးပတ်ဝန်းကျင်မှာ မယ်မယ့်လူတွေလည်းရှိသလို အတွင်းဝန်အမတ်ကြီးရဲ့လူတွေရှိမှန်းလည်း ထျန်းရွှီနင်သိသည်။

Once Again - TianZiyuWhere stories live. Discover now