ရေချိုးဆောင်ဘက်က ရေသံသဲ့သဲ့ကြားသည်မို့ သူမခြေသံဖွဖွနင်းကာ ရေချိုးဆောင်ဘက်သို့ဝင်လာခဲ့သည်။
ရေကန်ထဲတွင်ရေစိမ်လျှက်ရှိသော ရွှေဝါရောင်ဆံပင်ရှည်များနှင့်အရှင်၏ကျောပြင်သည် သူမ၏နှလုံးသည်းစိုင်အား အဆက်မပြတ်ကိုင်လှုပ်နိုင်စွမ်းသည်။
တိုင်းပြည်အုပ်ချုပ်သည့်ရှင်ဘုရင်တစ်ပါးရဲ့ကျောပြင်ဟာသာမန်လူတွေကဲ့သို့အမာရွတ်များမကင်းသော်လည်း ထိုကျောပြင်ထက်ကာ ဓားဒဏ်ရာအမာရွတ်များကပင်ထူးခြားလေးနက်သောဆွဲဆောင်မှုဖြစ်သည်။
အရှင့်ရဲ့မျက်နှာချင်းဆိုင်သို့သူမရပ်နေသည့်တိုင်အရှင်ကမျက်လုံးများဖွင့်ကြည့်မလာခဲ့သေး။
"အရှင်...."
"ကြင်ယာတော်"
အရှင်က သူမအားမြင်သည်နှင့် တစ်ကြိမ်တစ်ခါတောင် သူမအတွက်မမြင်ဖူးသေးသောအပြုံးမျိုးကိုပြုံးပြလာသည်။
"ကိုယ်တော့်စီလာတာလားကြင်ယာတော်"
အရှင်က သူမရှိရာသို့ရေကူးလာပြီး မျက်နှာလေးမော့ကာမေးသည်။
သူမအရှင့်အနားတွင်ထိုင်ကာ ရေထဲသို့ခြေနှစ်ဖက်ချထားလိုက်တော့ အရှင်ကခြေသလုံးဖြူဖြူလေးများကိုပွတ်သပ်လာသည်။
"အရှင်...ကျွန်တော်အရှင်နဲ့အတူရေစိမ်လို့ရမလား"
"ဒီလောက်လှတဲ့မင်းကို ကိုယ်တော်ကအလွတ်ပေးရအောင် ကိုယ်မရူးသေးဘူးလေ ကြင်ယာတော်ရယ်..."
အရှင်က သူမအားဆွဲပွေ့ကာ ခြေထောက်နှစ်ဖက်ကိုသူ့ခါးမှချိတ်တွယ်စေသည်။
ဘယ်သူနဲ့ပဲအမြင်မှားနေပါစေ...အရှင်ကကျွန်မအပိုင်ဖြစ်လာရမှာမို့ ဒီအမြင်မှားမှုကိုကျေနပ်နိုင်သည်။
လှည့်ဖြားပြီးမယူသင့်တာတွေထဲမှာ လူတစ်ယောက်ရဲ့စိတ်ကအပါအဝင်ဖြစ်ပေမဲ့ ဒီလိုမှမလုပ်ခဲ့ရင် ကျွန်မက အရှင့်စိတ်ကိုဘယ်တော့မှရနိုင်တော့မှာမဟုတ်ဘူးလေ။
ကျွန်မကလေ...အရှင့်ရဲ့သွေးသားကိုရအောင်မွေးပြီး အရှင့်ကိုကျွန်မတစ်ယောက်တည်းပိုင်သည်အထိကြိုးစားသွားမှာ။
အရှင်သိပ်ချစ်တဲ့ အဲဒီကြင်ယာတော်ရဲ့မော်ကြွားမှုတွေ ကျွန်မရှေ့မှာထပ်မမြင်ရအောင်လုပ်ပစ်မှာ။
YOU ARE READING
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
Part 10
Start from the beginning
