အပိုင်း(၆၁)

1K 90 5
                                        

Unicode

ရှောင်ပိုင်တစ်ယောက် နိုးနေခဲ့သည်က ကြာမြင့်နေပြီဖြစ်ကာ ယခု လှည်းထဲ၌ဖြစ်ပေသည်။ သူ့အရှေ့တွင် ထိုင်နေသော ယုချင်းယောင်ကိုကြည့်ပြီး စိတ်ထဲ၌ သက်ပြင်းချမိသည်။ သူ့လက်သည်လည်း နောက်ပြန်အချုပ်ခံထားရလေ၏။

ပြောတော့ ပြန်ပေးမဆွဲဘူးဆိုကွ...အခုကရော ဘာလုပ်တာလဲ...ငလူးပဲ...

ယုချင်းယောင်က သူ့ကို အေးစက်စွာကြည့်နေပြီး ရုတ်တရက် ပြုံးပြလာသည်။
"စိတ်မပူပါနဲ့...မင်းကို နာကျင်မှုမရှိဘဲ သတ်ခိုင်းပါမယ်...ပြောမရဘူးလေ...မင်းသေသွားရင် မင်းရဲ့ကမ္ဘာကိုပြန်ရောက်သွားနိုင်တာပဲ..."

ရှောင်ပိုင်လည်း ယုချင်းယောင်၏ နောက်ဆုံးစကားကြောင့် တွေးတော့လိုက်မိသည်။

အေးဟ...တကယ်လို့သေဆုံးခြင်းက ငါ့ရဲ့ကမ္ဘာအစစ်အမှန်ကို ပြန်ရောက်ခဲ့မယ်ဆိုရင်ရော...ဟေးဟေး...အဲလိုဆို သေရလဲ တန်တယ်ကွ...

ယုချင်းယောင်ကို သူပြန်ကြည့်လိုက်ပြီး ပြောလိုက်မိသည်။
"ဒါဆို မင်းလည်းသေသင့်တယ်...မင်းပြောသလိုပဲ သေဆုံးခြင်းက ငါ့ကမ္ဘာကိုပြန်ရောက်နိုင်ရင် မင်းကမ္ဘာကိုလည်း ပြန်ရောက်နိုင်တာပဲလေ..."

ယုချင်းယောင်က နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ပိုင့်ကိုပြန်ပြောလိုက်လေ၏။
"မင်းလိုအရူးပဲ ကိုယ့်ကမ္ဘာကို ပြန်ချင်တာ...ငါကမင်းလိုမဟုတ်ဘူး...လူတိုင်းရဲ့အထက်မှာနေချင်တဲ့စိတ်ကူး ငါ့မှာရှိတယ်...ဒီကမ္ဘာမှာနေပြီး လူတိုင်းကို ငါ့လက်အောက်မှာထားပစ်မှာ...ဝမ်ဟောက်ထျန်းကို ငါသိမ်းပိုက်ပြီး ဧကရီအရာမှာငါနေမှာ...ကျန်တဲ့ဇာတ်လိုက်တွေကိုလည်း ငါအပိုင်ယူမှာပဲ...ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ..."

ရှောင်ပိုင်-"..."
တော်တော်လောဘကြီးတဲ့ကောင်ပဲ...

ယုချင်းယောင်က ဆက်ပြောနေဆဲဖြစ်သည်။
"မင်းတွေးကြည့်လိုက်လေ...ဒီလောက်ချောမောပြီး အာဏာမြင့်တဲ့ဇာတ်လိုက်တစ်ယောက်ချင်းဆီက အချစ်ခံရတာ ဘယ်လောက်ထိ ရင်ခုန်စရာကောင်းလိုက်မလဲ...သူတို့က အစကတည်းက ငါ့အပိုင်ဖြစ်ရမှာ ဒါပေမဲ့..."

Xiao Bai:Way Back Home~Where stories live. Discover now