အပိုင်း(၁)

6K 231 27
                                        

Unicode

"shit!Fuck!Fuck!!လွီယွန်ရှန့်!မင်းဒီကိုအခုချက်ချင်းလာခဲ့စမ်း!"

မနက်စောစောစီးစီး ဟိန်းကနဲထွက်လာတဲ့အသံကြောင့် အိပ်ပျော်နေတဲ့ကြောင်လေးထုထုပင်နိုးလာရတော့သည်။ အခေါ်ခံလိုက်ရတဲ့ လူငယ်လေးလွီယွန်ရှန့်ဟာလည်း သူ့အလုပ်ခန်းထဲမှဝုန်းဒိုင်းကျဲကာ ပြေးထွက်လာသည်။

ဆံပင်တွေကရှုပ်ပွနေပြီး ငှက်သိုက်ကေအလား၊ ရှပ်အင်္ကျီအဖြူရောင်ဟာလည်း မင်တချို့ပေကျံနေပြီး ကြယ်သီးကဟိုတစ်လုံးဒီတစ်လုံးလွဲနေကာ ဖရိုဖရဲဖြစ်နေသည်။ အနက်ရောင်တစ်ဖက်၊အပြာရောင်တစ်ဖက်ရှိသော မျက်ဝန်းတစ်စုံဟာလည်း နီရဲနေလျက် မျက်ကွင်းသားတို့နက်မှောင်နေကာ အသားကဖြူစုတ်စုတ်ရှိပြီး နှုတ်ခမ်းသားတစ်စုံဟာတော့နီရဲနေကာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်လို့ပင်ထင်မှတ်ရသည်။

အရပ်ကအခန်းတံခါးနှင့်ထိလုမတတ်ရှည်လျားပြီး ကြယ်သီးပြုတ်နေသော အင်္ကျီအဟကြားမှ ဝမ်းဗိုက်ကြွက်သားတို့ကထင်ပေါ်နေလေသည်။

လွီယွန်ရှန့်ကသူ့ကိုခေါ်သောလူဆီသို့ ခပ်ကျို့ကျို့ကလေးလျှောက်သွားကာ မျက်နှာငယ်လေးဖြင့် မေးမြန်းလိုက်သည်။

"ကော..ဘာ ဘာဖြစ်လို့လဲဟင်?ကျွန်တော်ဘာအမှားလုပ်မိပြန်လို့လဲ?"

လွီယွန်ရှန့်ရဲ့ရှေ့မှောက်ရှိထိုလူဟာ လက်ထဲမှစာအုပ်တစ်အုပ်ကိုထုတ်လာပြီး လွီယွန်ရှန့်ရဲ့မျက်နှာရှေ့၌ပြသလိုက်သည်။

"လွီယွန်ရှန့်..မင်းဒါဘာသဘောလဲ!"

လီယွန်ရှန့်ဟာ သူ့ရှေ့ရောက်လာသော ဖုန်းကိုကြည့်လိုက်သည်။ ထိုဖုန်းထဲမှာ ဖတ်လတ်စNovelတစ်ပုဒ်ရှိနေပြီး ဇာတ်သိမ်းနားကိုရောက်နေပြီဖြစ်သည်။ သေချာဖတ်ကြည့်လိုက်တော့ ထိုNovelဟာ သူရေးသားထားသော Novelဖြစ်နေလေသည်။

လီယွန်ရှန့်ဟာ လည်ပင်းကိုပွတ်သပ်လိုက်ပြီး အခုထိသူဘာအမှားများလုပ်ထားသလဲဆိုတာကိုနားမလည်ဖြစ်နေကာ သူ့ရှေ့မှလူကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"ကော..ဒါကျွန်တော့်ရေးထားတဲ့Novelမလား..ဘာဖြစ်လို့လဲ?"

"ဘာဖြစ်ရမှာလဲ!ငါဒီNovelကိုစဖတ်တုန်းက ဒါကNormalဇာတ်လမ်းတစ်ပုဒ်ပဲ..ဇာတ်သိမ်းနားရောက်မှBLအချစ်ဇာတ်လမ်းကြီးဖြစ်နေပါရောလားကွ!"

Xiao Bai:Way Back Home~Where stories live. Discover now