အပိုင်း(၁၈)

1.7K 134 4
                                        

Unicode

ဝမ်ဟောက်ထျန်းက ရှောင်ပိုင့်ရဲ့စကားအပေါ် သဘောကျကျေနပ်နေစဥ် ရှောင်ပိုင်ကတော့ ဝမ်ဟောက်ထျန်းဒေါသငြိမ်းစေရန် ထိုသို့ပြောလိုက်ပေမဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကြောင့် သူ့မှာမပြုံးနိုင်သေးဘူး။

ဝမ်ဟောက်ထျန်းက ထန်ဖုန်းမင်အား စောင်းငဲ့ကြည့်ကာ အောင်နိုင်သူတစ်ယောက်လို မျက်ခုံးပင့်ပြလိုက်သည်။ ထန်ဖုန်းမင်က ဒါကိုမြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်လိုက်ပြီး မျက်နှာကိုအခြားဖက်သို့လွှဲလိုက်သည်။ တကယ်ကိုမနာလိုဘူး။

ယုချင်းယောင်က အံကြိတ်နေလျက် ဒေါသထွက်နေရာမှ သူကတစ်ခုခုကိုသတိထားမိသွားသည်။ ရှောင်ပိုင်က သူ့အိတ်ကိုပြန်လိုက်ယူတာလို့ပြောပေမဲ့ သူ့လက်ထဲမှာရော ခါးထက်မှာပါ ဘာအိတ်မှမတွေ့ရဘူး။ ယုချင်းယောင်ရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားတော့သည်။ သူကရှေ့တက်လာပြီး စိုးရိမ်နေတဲ့မျက်နှာလေးကို သရုပ်ဖော်ဆောင်လိုက်ကာ..

"တော်သေးတာပေါ့..ရှောင်ပိုင် ဘာမှမဖြစ်ခဲ့လို့ပေါ့..ဒါနဲ့ အဲအိတ်ကရောဘယ်မှာလဲဟင်?"

"...."

ထိုအခါမှ ဝမ်ဟောက်ထျန်းနဲ့ထန်ဖုန်းမင်ကလည်း ရှောင်ပိုင့်ဆီမှာ ဘာအိတ်မှရှိမနေတာကိုသတိထားမိလိုက်ကြသည်။ ဝမ်ဟောက်ထျန်းက မျက်မှောင်အသာကြုတ်လိုက်ပြီး..

"အေး..မင်းရဲ့အိတ်ကဘယ်မှာလဲ?အိတ်ပြန်ပါမလာတာလား"

ရှောင်ပိုင်က ခေါင်းလေးကိုညိတ်ပြလိုက်ပြီး..
"ကျွန်တော်သူခိုးလေးနောက်ကိုလိုက်သွားတော့ သူခိုးကတစ်ယောက်ထဲမဟုတ်ပဲ အုပ်စုလိုက်ကြီးလေ၊ သူတို့က ကျွန်တော့်အိတ်ကိုပြန်မပေးကြဘူး..ကျွန်တော်ဘယ်လောက်တောင်းတောင်းမပေးဘူးလေ၊ သူတို့က ကျွန်တော့်ကိုသတ်မယ်တောင်ခြိမ်းခြောက်ကြသေးတာ..အဲဒါနဲ့ ကျွန်တော်လည်း ကြောက်ပြီး ဒီတိုင်းပြန်ထွက်လာလိုက်တာပါ..တောင်းပန်ပါတယ်..ကော..ကောရဲ့ဆွဲပြားသူတို့ဆီပါသွားတယ်...တောင်းပန်ပါတယ်နော် ကော"

ရှောင်ပိုင်ရဲ့ကြောက်လန့်စွာနှင့် ပူဆွေးဟန်ပြောလာပုံကြောင့် ဝမ်ဟောက်ထျန်းမှာ ဒေါသမထွက်ရက်တော့ဘူး။ ရှောင်ပိုင်က သူပေးထားတဲ့ဆွဲပြားကြောင့် သူခိုးကိုပြန်လိုက်ဖမ်းပေမဲ့ တစ်ဖက်ကလူအုပ်ကြောင့် မတတ်နိုင်ပဲ လက်လျှော့ခဲ့ရသည်။ တော်သေးတာက ရှောင်ပိုင်က လက်မလျှော့ပဲ ထိုဆွဲပြားကိုအတင်းအကျပ်သာ ပြန်တောင်းခဲ့ရင် သူတို့ဒီနေ့ရှောင်ပိုင်ရဲ့အလောင်းကိုပဲ ပြန်တွေ့ချင်တွေ့ရကြမှာ။

Xiao Bai:Way Back Home~Where stories live. Discover now