"လျှောက်တင်ဖို့ စိုးရွံ့မိပါတယ်အရှင်"
မင်းကြီး၏ မျက်ခုံးနှစ်သွယ်ဟာထိစပ်လုနီး။
လုပ်ကြံသူတွေစေလွှတ်တာ မယ်တော်ပဲလား။
ဒါမှမဟုတ် အတွင်းဝင်အမတ်မင်းပေလား။
"ဘယ်သူပဲဖြစ်ဖြစ် ကိုယ်တော်သိထားရမှာပဲစစ်သူကြီး"
"မင်းကြီးကို လုပ်ကြံသူတွေစေလွှတ်လိုက်တာ
ကြင်ယာတော်လို့သိခဲ့ရပါတယ် မင်းကြီး
မဖြစ်နိုင်ပေမဲ့ အဲ့လိုပဲဖြေပါတယ်"
ထျန်းရွှီနင် မအံ့သြမိ။
ဒါက ကြင်ယာတော်ခိုင်းတာမဖြစ်နိုင်မှန်းသိသည်။
မိမိတစ်မျက်နှာကိုသာကြည့်တဲ့ ကြင်ယာတော်က ဘယ်တော့မှ မိမိကိုနာကျင်အောင်လုပ်မှာမဟုတ်ဘူး။
"သွားလို့ရပြီစစ်သူကြီး"
"ဟုတ်ကဲ့မင်းကြီး…ကျွန်တော်မျိုးတို့ ရှေ့မှာရှိနေပါ့မယ်
လိုအပ်ရင် ခေါ်လိုက်ပါမင်းကြီး"
"ကောင်းပါပြီစစ်သူကြီး"
လုပ်ကြံသူဟာဘယ်သူ့လက်အောက်ကဖြစ်မလဲဆိုတာ သုံးသပ်ကြည့်မိသည်။
သူတို့ဝတ်ထားတဲ့အဝတ်စားက သုံးပြည်ထောင်နယ်နိမိတ်စစ်တပ်ကတော့မဟုတ်ပေမဲ့ ခပ်ဆင်ဆင်တူသည်။
သုံးပြည်ထောင်နယ်နိမိတ်အတွင်းမှာပဲမို့ ဟန်နိုင်ငံကိုတော့ သံသယဝင်စရာမရှိ။
မယ်မယ်ကလဲသားအရင်းကိုတော့ပြန်သတ်ခိုင်းမှာမဟုတ်ပေမဲ့ နန်းတော်မှာကျန်ခဲ့သည့်ကြင်ယာတော်ကိုတော့ အခွင့်အရေးရလျှင် ဖျောက်ဖျက်ပစ်မည်သာ။
အခုလိုလုပ်ကြံခိုင်းတာ အတွင်းဝန်အမတ်ကြီးအပြင်ရှိမှာတော့မဟုတ်။
နန်းတွင်းအရာရှိတွေအဖို့ အာဏာရရေးသည် အဓိကသာဖြစ်သည်။
"မင်းသမီးရွှန်းရမ် ကြွလာပါတယ်အရှင်မင်းကြီးဘုရား"
အိပ်ခါနီးမို့ချွတ်ထားသည့်အပေါ်ဝတ်ရုံကို ထျန်းရွှီနင်ပြန်ဝတ်လိုက်သည်။
"အရှင် ကျွန်မကြောင့် အနှောက်အယှက်များဖြစ်သွားလား"
"ဘာအရေးများရှိလို့လဲမင်းသမီး
ခရီးပန်းလို့ ကိုယ်တော်နားတော့မလို့ပါ"
YOU ARE READING
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
Part 3
Start from the beginning
