"ခပ်ရေးရေးတော့သိပါတယ် အသေအချာမမှတ်မိပေမဲ့
တွေ့ဆုံမှုကိုဝမ်းမြောက်ပါတယ် မင်းသမီး ဂုဏ်သတင်းတွေအတိုင်း မင်းသမီးက ဟန်နိုင်ငံရဲ့အလှကျက်သရေပါပဲ"
"ချီးကျူးပေးလို့ ကျေနပ်ရပါတယ် အရှင်…
အရှင့်ရဲ့ကြင်ယာတော်လောက်တော့ ရွှန်းက လှမယ်မထင်ပါဘူး"
အရှင် လို့ ခေါ်သည့်အပြင် ကြင်ယာတော်ကိုပါ ထည့်ပြောလာသော ဟန်မင်းသမီး၏ ရည်ရွယ်ရင်းက ဘာများဖြစ်လိမ့်မလဲ။
"အဟား…ဟား…သမီးတော်က
မင်းကြီးထျန်းရဲ့ကြင်ယာတော်လေးသတင်းတွေကြားပြီး
အားကျနေခဲ့တာလေ ယောက်ျားလေးကြင်ယာတော်က သုံးပြည်ထောင်မှာရှိတဲ့ မင်းသမီးတွေ သခင်မလေးတွေကို ကျော်လွန်ပြီး မင်းကြီးထျန်းရဲ့နှလုံးသားကိုသိမ်းပိုင်နိုင်ခဲ့သူပဲမဟုတ်လားဗျာ"
ထျန်းရွှီနင် တွေးဆဆဖြစ်သွားတာကို
ဟန်မင်းကြီးက ရိပ်မိပုံရပြီး သူ့သမီးတော်အစားဖြေရှင်းချက်ထုတ်ပေးသည်။
ဟန်မင်းကြီးပြောသလိုပါပဲ။
သုံးပြည်ထောင် တစ်ပြည်လုံး၌ ထျန်းရွှီနင်ရဲ့ကြင်ယာတော်ကသာ အလှဆုံးနှင့် အနူးညံ့ဆုံးဖြစ်သည်။
ထျန်းရွှီနင်၏နှလုံးသားတစ်စုံအား ကြင်ယာတော်ထံပါး၌
တစ်သက်စာအပ်နှံထားပြီးဖြစ်သည်။
နောက်ထပ် တစ်ယောက်ဆိုတာ ဘယ်သောအခါမှ ချစ်မိတော့မှာမဟုတ်ဘူး။
"ရွှန်းကလည်း ကြင်ယာတော်လိုမျိုး နှလုံးသားကို
သိမ်းပိုက်နိုင်မှာပါခမည်းတော်ရဲ့၊ မဟုတ်ဘူးလားအရှင်"
"ဟင်…အဟင်း…မင်းသမီးကိုဆို
ဘယ်လိုလူကများ ငြင်းပါ့မလဲ"
အရှင်ဟူသော နာမ်စားသည့် ကြင်ယာတော်အတွက်သာပေမို့ တခြားသူ၏ခေါ်ဆိုခြင်းအား မနှစ်မျို့လှ။
စူးရဲသည့် မင်းသမီး၏ အကြည့်တို့အား တန်ပြန်ကြည့်မနေချင်။
ကြင်ယာတော်မဟုတ်ဘဲ တခြားသူနှင့် မျက်လုံးချင်းဆုံရမှာကို ထျန်းရွှီနင် ဝန်လေးရပါသည်။
သဝန်တိုလွန်းသူအား မြင်ယောင်မိတော့ပြုံးမိရပြန်သည်။
~~~~~~~~~~~~
"မင်းကြီး…"
"စစ်သူကြီး ဘယ်သူခိုင်းလဲသိခဲ့ရသလား"
YOU ARE READING
Once Again - TianZiyu
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025)
Part 3
Start from the beginning
