U look so beautiful in white...

Start from the beginning
                                    

တီ...တီ....

Yeol သူ့ ဖုန်းကို ကြည့်လိုက်တော့ မကိုင်ချင်သော နံပါတ်တခု..
အင်း.... အဖေ က သားဆီကို ဆက်တာကို အ့ သားက မကိုင်ချင်ဘူးဆိုတော့ သူတို့ သားအဖ ဆက်ဆံရေးက ဘယ်လိုများပါလိမ့်ပေါ့...
အမှန်လဲ အ့လို မပြေလည်တဲ့ ဆက်ဆံရေးပေါ့လေ..
စာတော်တဲ့တဦးတည်းသော သားကို အဖေက ခွဲစိတ်ဆရာဝန်ကြီး ဖြစ်စေချင်သည်။ အိဒြေ္န ရရ ပညာတတ်ဖြစ်စေချင်ပေမဲ့ သားကတော့ hot shot တွေကိုမှ စိတ်ဝင်စားသူ.. မိန်းကလေးတွေ ထည်လဲ တွဲသူ. အချစ်ဆိုတာ ထမင်းစားရေသောက် လိုဖြစ်နေသူ တယောက်ဖြစ်လာခဲ့သည်။ ..
ပြသနာရဲ့ အစ က Yeol Omma နေမကောင်းရာက စခဲ့သည်။..
အမြဲနေမကောင်းသော Omma က သူနဲ့ Appa နဲ့ ကိုသာ အိမ်မှာ စောင့်ရင်း အချိန်တွေ ကုန်ဆုံးခဲ့ရသည်။.. Omma က ကျန်းမာရေးမကောင်းတော့ Yeol လေးက သူတနေ့ကြီးလာရင် Omma ရောဂါတွေ ပျောက်အောင် ကုပေးမဲ့ ဆရာဝန်ကြီး လုပ်မယ်ဟု အမြဲ ပြောခဲ့သည်။.. ဒါပေမဲ့ သူ့ Omma ကတော့ သူဆရာဝန်ကြီး ဖြစ်တာတောင် ကြည့်မသွားနိုင်ရှာပါ.. မိုးသည်းထန်သော နေ့တနေ့မှာ သူ့ကို အပီးတိုင် ခွဲသွားခဲ့သည်။..ထိုအချိန် Appa အနားမှာ မရှိခဲ့..ငွေရှာနေသည်ဟုသော အကြောင်းပြချက်နဲ့ တော်တော်နောက်ကျမှရောက်လာခဲ့သည်လေ..
ထိုအချိန်တည်းက မကျေနပ်ချက်တို့ ကိန်းအောင်းခဲ့သော Yeol ရဲ့ စိတ်ထဲ မှာတော့ သူ့ Appa နဲ့ ဆန့်ကျင်ဘက် အရာကိုမှရွေးလုပ်ခဲ့တော့သည်။..ခုလဲ အိမ်ခွဲ နေကာ လုပ်ချင်ရာ လုပ်နေခဲ့တာ ကြာပီလေ..

သူ အိမ်က ထွက်မလာခင် Appa ပြောခဲ့သော စကားတခွန်း...

Yeol Appa : မင်း အပြင်မှာ ဘယ်လိုပဲ ရှုပ်ရှုပ် တချိန်ကျ မင်း လက်ထပ်ယူရမည့် သူဟာ Dahae ပဲ ဖြစ်ရမယ်ဆိုတာ မှတ်ထား..
သူတို့ company နဲ့ ငါတို့ company ပေါငိးထားမှ တခြားသူတွေ မဆန့်ကျင် နိုင်မှာ..

Yeol : Hk!နောက်ဆုံးတော့လဲ ဒီဘူတာ ပဲလေ. Appa ရဲ့ ပိုင်ဆိုင်မှု့ တွေ အတွက်ပဲ .. ကျွန်တော် လုံးဝ လက်မထပ်နိုင်ဘူး ဆောရီးပဲ....

Yeol မြည်နေဆဲ ဖုန်းလေးကို Power ပိတ်ချ လိုက်ပီး မွေ့ယာပေါ် ပစ်လှဲ လိုက်မိသည်။.. နှုတ်ကတော့....

Yeol : Omma~~. :'(

တဘက်က အခန်းလေး ထဲ မှာတော့ ခရီးဆောင် အိတ်လေးကို ဖွင့်ပီး သူ့ အဝတ်အစားလေးတွေ ထည့်နေသော Baek ကတော့ ပြုံးရွှင်လို့...

As Long As U Stay With Me!Where stories live. Discover now