'' ကိုယ့်ဘာသာကိုယ် အာရုံစိုက်နေစမ်း ''
နှစ်ဖက်ဓားသွားအချွန်ကို ကိုင်ဆောင်လျက် တစ်ချက်ပင့်လျှင် သုံးကောင်နူန်းဖြင့် သတ်ဖြတ်နေသော ဆွန်းယောင်းက ဘေးဘီဝဲယာသို့ စိုးစဉ်မျှသာ မျက်တောင်မခတ်တမ်းလှမ်းအော်သည်။ သူသည် သူ၏နဂါးပုံစံသို့ မပြောင်းလဲသေးသော်လည်း လက်ဖျံမှ လည်ပင်းအထိထောင်တက်လျက်ရှိသော မဲနယ်ရောင် အကြေးခွံများအရတော့ တိုက်ခတ်မှုတွင် နဂါးအစွမ်းတစ်၀က်ခန့်လောက်ကို အသုံးပြုထားလျက်ရှိပါသည်။ မိဘနှစ်ယောက်စလုံးက သွေးသန့်နဂါးမျိုးများဖြစ်လျှင် တိုက်ခတ်မှုစွမ်းအားဟာ ကောင်းကင်ဘုံကိုပင် ပြောင်းပြန်လှန်နိုင်စွမ်းရှိလင့်ကစား ထောင်နှင့်ချီသော ဂီရှာအုပ်နှင့် ရင်ဆိုင်ရချိန်မှာတော့ ထိုစွမ်းအားသာ ရေပုံးထဲမှ ရေတစ်စက်လိုသာ ဖြစ်လာရပါသည်။
'' ထပ်ထွက်လာပြန်ပြီ ... ''
၀န်ဝူးက အက်ကွဲကြောင်းကြီးထဲမှ ရေများစိမ့်ကျသည့်သဖွယ် တစိမ့်စိမ့်ထွက်လာသော ဂီရှာများကိုကြည့်လျက် မောဟိုက်စွာဆိုလိုက်မိသည်။ ဂီရှာဆိုသည်မှာ သရဲသဘက်အဆင့်တောင်မရှိသောအကောင်များဖြစ်၏။ ယင်းတို့သည် လူပုံပန်းသွင်ပြင်ရှိကျသည်။ ခေါင်းမပါေသာ်လည်း လက်နှင့်ခြေထောက်များပါပြီး ထိုအရာများကတော့ အသီးပုပ်တစ်လုံးသဖွယ် တွန့်လိမ့်နေကျသည်။ ထို့ကြောင့် သွားရာ၌ နှေးကွေးသော်လည်း သူတို့၏ မီးကိုထိုးသည့် ပိုးဖလံလို လူပ်ရှားမှုများက နတ်စစ်သည်များစွာကိုပင် သတ်ပစ်နိုင်ခဲ့သည့် သာဓကများက ရှိပါသေးသည်။
ဂီရှာများသည် ဒေါသ၊မောဟကြီးသည့်လူများသေဆုံးချိန်၌ ဖြစ်ပေါ်လာသည့် ငရဲပြည်၌ရှိသော မိစ္ဆာအကောင်တစ်မျိုးဖြစ်သည်။ ငရဲပြည်၏ သုံးပုံပုံတစ်ပုံလောက်တွင် ထိုဂီရှာများက နေရာယူထားကျပါ၏။ ထို့ကြောင့် ယင်းတို့၏ အစွမ်းမှာ မပြောပလောက်သော်လည်း တိုက်ခိုက်သူကို အားအင်ကုန်ခန်းပြီးခြေကုန်လက်ပမ်းကျနိုင်သည့် လုပ်ဆောင်နိုင်သော စွမ်းရည်ရှိပေသည်။ ထို့ကြောင့် နတ်သတ္တဝါများသည် ဂီရှာတစ်အုပ်ကို တိုက်ရမည့်အစား အဆင့်မြင့်ပြိတ္တာတစ်ကောင်ကိုသာ ရေကုန်ရေခမ်း တိုက်ခိုက်ပစ်ချင်တာဖြစ်ပါသည်။
RST - 19
Start from the beginning
