Like Puppy!

12.9K 1K 15
                                    

Ep 2

Yeol အိပ်မှုန်စုံမွှားနဲ့ တံခါးဖွင့် ပေးလိုက်တော့ သူ့ ရှေ့မှာ နှုတ်ခမ်းပိစိ လေးကို အစွမ်းကုန် ဖြဲကာ ရီပြနေသော ကောင်လေးကို တွေ့လိုက်ရသည်။ ရီ လိုက်တိုင်း မျက်ဝန်းနက်နက် ကလေးက ပိတ်ကျသွားပီး rectangle shape လေးပေါ်လာသော ထို Puppy ပေါက်စလေး တကောင် ကို တော့ သူဘယ်လို လုပ်ရပါ့မလဲလေ...

Yeol : စောလှချည်လား..
ဒီမှာ အိပ်ကောင်းနေတုန်းကို...

Yeol ပြောလိုက်တော့ ရီနေသော သူ့နှုတ်ခမ်းပိစိ လေး ကို ဆူလန် ထော်တက် နေသော နှုတ်ခမ်းတစုံ အသွင် ရုတ်ခြည်းပြောင်းလဲ လိုက်သည်။.. အပြောင်းအလဲ မြန်တတ်ပါ့ပေ့.. puppy ရယ်..

Baek : သူပဲ မနက်ကျ အိမ်ပြောင်းလာခဲ့ ဆိုလို့ ဒီက စောစောစီးစီး ထွက်လာရတာ.. ဘာမှတောင် မစားလာရသေးဘူး. သူ့ ကျ အိပ်နေလိုက်တာ. လာတဲ့ သူကိုလည်း အပေါက်ဝ ကနေ ဆီးကြိုဟောက်တော့ တာပဲ။... ဟွန့်.....

Yeol တယောက် မနက်ခင်း လေးမှာ သူ့ အိမ်ထဲကို အထုပ်တွေ မနိုင့်တနိုင့်နဲ့ ဝင်လာတဲ့ ကောင်လေးကို ကြည့်ရင်း..

Yeol pov : ပါးစပ်က ပွစိ ပွစိ နဲ့.. ha ha. စိတ်ဝင်စားစရာ ကောင်းတာပဲ။ Byun Baekhyun....

Yeol : အဟမ်း.. မင်း ဘာတွေ ပြောနေတာလဲ။..
ပွစိ ပွစိ နဲ့..

Baek : အဲ.. မပြောပါဘူး.. ဘာမှ..

Yeol : ပြောနေပါတယ်... ပါးစပ်လှုပ်နေတာ မြင်နေရတယ်..

Baek : အ့ morning exercise ပါးလေ့ကျင့်ခန်း..ခင်ဗျား အိမ် စောစောလာရလို့ exercise မလုပိလိုက်ရလို့.. သိပလား..

Yeol သူ့ကို တခွန်းမကျန် ပြန်ပက်နေသော ပုစိလေးကို ကြည့်ရင်း..

Yeol : ကဲ. လာ.လာ. မင်း အခန်း လိုက်ပြမယ်..

သူတို့ အပေါ်တက်ခဲ့ကြတော့ Baek တယောက် ပါးစပ်လေး ဟောင်းလောင်း နဲ့ ဟိုကြည့် ဒီကြည့် ကြည့်ကာ လိုက်ပါလာကြသည်။..

Baek pov : သူက တယောက်တည်းနေပီး ဘာလို့ အ့လောက် အိမ်ကျယ်ကြီးထဲ မှာ နေရတာလဲ။..အသုံးအဆောင်တွေကလဲ နောက်ဆုံးပေါ် တွေချည်းပဲ။..

Yeol : ဒါ မင်းအခန်း...

Baek အခန်းကို သူဖွင့်ပြတော့ Baek သူနေရမဲ့ အခန်းလေးကို အံ့ဩစွာကြည့်မိသည်။..
အခန်း နံရံလေးတွေကို ငွေရောင် ခပ်ပါးပါးလေး နဲ့ နို့နှစ်ရောင် ရောစပ်သုတ်ထားသည်။ အခန်း အလယ်လောက်မှာ မီးခိုးရောင် ကုတင်လေး တလုံးရှိပီး ကုတင်ဘေးမှာတော့ အဖြူရောင် စားပွဲခုံ တလုံး စားပွဲပေါ်မှာတော့ စတော်ဘယ်ရီ သီး ပုံ မီးအိမ်လေးမှ နီရဲရဲ အလငိးရောင်လေးက လင်းလက်လျက်..

As Long As U Stay With Me!Where stories live. Discover now