Final Part (Unicode) 🚨🚨🚨

Start from the beginning
                                        

"ရွှတ်... မှုန့်ကို စိတ်ဆိုးနေတာလားဟင်... မှုန် ဘာလုပ်လို့လဲ..."

"အင့်..."

ချာတိတ်နဲ့ ဟိုဆေးမှူးဆိုသူနဲ့ စကားပြောနေတာက ရိုးရိုးသားသားပေမယ့် ချာတိတ်ကို သဘောကျဖူးသည့် သူတစ်ယောက်အဖြစ် အဲ့လူကို စစ်မှာ ကြည့်လို့မရ ဖြစ်နေမိသည်။

စိတ်ထဲမှာလည်း အဲ့လူက ချာတိတ်ရဲ့ အချစ်ဦးများလားဟု ထင်နေမိ၍ တစ်ယောက်တည်း သဝန်တိုနေပြီး ချာတိတ်ကို စိတ်ကောက်ချင်လို့ အလုပ်ခန်းထဲ အလုပ်ဝင်လုပ်နေလိုက်၏။

ချာတိတ် အလုပ်ခန်းထဲ ရောက်လာတော့ မသိချင်ယောင်ဆောင်ပြီး အလုပ် ဆက်လုပ်နေပေမယ့် လာနမ်းသည့် ချာတိတ်ကြောင့် မနေနိုင်ပဲ လက်မှဆွဲကာ ပေါင်ပေါ်ထိုင်ခိုင်းရင်း ပါးကို နမ်းမိပြန်သည်။ ချာတိတ် အနား ရှိနေလျှင် နမ်းချင်စိတ်ကို မထိန်းနိုင်ပါ။

"ရွှတ်... ဟို ဆေးမှူးဆိုတဲ့လူနဲ့ ဘာတွေပြောနေတာလဲ.... အဲ့ကောင်က မိန်းမရပြီးတာတောင် ချာတိတ်နား ဘာလာပြောနေတာလဲ... ရွာမှာ မင်္ဂလာဆောင်ပြီး ပြန်လာတော့ အဲ့လူ ချာတိတ်ကို လာတွေ့တည်းက သူ့ကြည့်မရတာ... ချာတိတ် သူငယ်ချင်းနဲ့ ယူသွားတယ်ဆိုလို့ စိတ်လျော့ထားတာ...."

ဦးစစ် သဝန်တိုတတ်တာက လက်ဖျားခါလောက်သည်။ မနှစ်က ရန်ကုန် လာသည့်ရက်မှာ ကိုတိုးဝေ စကားလာပြောတာကအစ မှတ်ထား၏။ ခုဏကလည်း ကိုတိုးဝေက မှုန့်ကို အရင်က သဘောကျကြောင်း ပြောခဲ့မိတာကို တောင်းပန်ပြီး မြတ်နိုးအပေါ် သံယောဇဉ်ဖြစ်နေမိပြီဆိုတဲ့အကြောင်း မှုန့်ကို လာပြောပြတာဖြစ်သည်။

"အဲ့တာက သူ သူ့မိန်းမအပေါ် ချစ်နေမိပြီ... အရင်က မှုန့်ကို ပြောခဲ့တာတွေကို မေ့ပေးပါ... တောင်းပန်ပါတယ်ဆိုပြီး လာပြောတာလေ... အဲ့တာကို ဦးစစ်က ဘာလို့ စိတ်ကောက်တာလဲ... မှုန့်ကို မယုံရင်လည်း ထားလိုက်တော့..."

မှုန် ဦးစစ်ကို စိတ်ပြန်ကောက်ပြပြီး ပေါင်ပေါ်က ထမယ်ပြင်တော့ မှုန့်ကို ဖက်ထားတာ မလွှတ်ပေးပေ။

"စိတ်ကြီးပဲကွာ... ကိုယ်က သဝန်တိုတာလေ... စိတ်ဆိုးတာမဟုတ်ဘူး... မိန်းမ ချော့တာ ခံချင်တာလေ...."

Unexpected Love (Completed)Where stories live. Discover now