Unexpected Love (🚨🚨🚨)
Part -24
👉👉👉 🚨🚨🚨 ဗားရှင်းပါနော်။ 🚨မဖတ်သူတွေအတွက် သီးသန့်လေး တင်ပေးထားပါတယ်။
"ဟဲ့... မြတ်နိုးတစ်ယောက် ခုထိ မလာသေးပါလား..."
သင်္ကြန်အတက်နေ့ကို ရောက်လာပြီ ဖြစ်သည်။ မနက်ဆို ဝိုင်းထဲမှာ မုန့်လုပ်ပြီး ဝေ၍ ညနေဆို အရှေ့က အုန်းလက် မဏ္ဍပ်မှာ ရေကစားကြသည်။ လက်ပံကုန်းနဲ့ ခရေကုန်းက လမ်းဖြောင့်သွားပြီမလို့ ရွာနှစ်ရွာက ဟိုဘက်ဒီဘက် ကူးလူးကာ သင်္ကြန်လည်ကြ၏။ မြတ်နိုးက နေ့လယ် ထမင်းစားချိန်တည်းက ပြန်သွားတာ ခုထိ ပြန်ရောက်မလာပေ။
"ငါခုဏက တောင်ပိုင်းပြန်ရင်း ဝင်မေးခဲ့သေးတယ်... သူ့အိမ်မှာလည်း မရှိဘူးတဲ့... သူတို့ကတောင် ဒီမှာထင်နေတာ..."
တောင်ပိုင်းက ကိုကိုတို့နေသည့်အိမ်နဲ့ မြတ်နိုးတို့အိမ်က သိပ်မဝေးပေ။
"အင်း.. တစ်နေရာသွားလို့ နေပါမယ်... ပြီးရင်လာမှာပေါ့..."
မှုန်တို့လည်း မေ့မေ့ ပျောက်ပျောက်ဖြင့် ရေကစားရင်း သင်္ကြန် အတက်နေ့ကို ကုန်ဆုံးသွားတော့သည်။
✨✨✨
မနက်ဖြန် အလှူအတွက် ချက်တဲ့ ပြုတ်တဲ့ အဖွဲ့က ကျောင်းမှာ ချက်နေကြ၏။
ကျောင်းဖွင့်ပွဲကြီးမလို့ ရွာက ပွဲထည့်စေချင်တယ်ဟု ဝိုင်းပြောတော့ အဖေက သူစီစဉ်ပေးမယ်ပြောပေမယ့် ဦးစစ်က သူပဲ အစအဆုံး လှူချင်တယ်ပြောကာ အငြိမ့်ပါ ထည့်ပေးထား၏။ အငြိမ့်အဖွဲ့ကတော့ ဒီနယ်တဝိုက် ပွဲရှိလျှင် အမြဲငှားနေကျ အဖွဲ့ကိုသာ ငှားထားသည်။
"ချာတိတ်... ကိုယ် တိမ်ရောင်နဲ့ ဟိုဘက်အိမ် ခဏ လိုက်သွားဦးမယ်နော်...."
မှုန်တို့ ကျောင်းမှာ လိုအပ်တာတွေ ဝိုင်းကူပေးပြီး ပြန်လာတော့ ကိုကိုက နောက်ကပါလာပြီး ဦးစစ်ကို ကပ်ခေါ်နေ၏။
"မိုးချုပ်မယ်ဆို မှုန်ရေချိုးပြီး အိပ်နှင့်တော့မယ်..."
"ကိုယ် ခဏပါပဲ... တိမ်ရောင်ခေါ်နေတော့ အားနာလို့... ရွာထဲကသူတွေက ကိုယ့်အလှူကို ဝိုင်းလုပ်ပေးထားတော့ မျက်နှာလေးတော့ သွားပြမှလေ...."
BINABASA MO ANG
Unexpected Love (Completed)
Romance**Unexpected Love ** ရည်းစားက သစ္စာဖောက်ပြီး နိုင်ငံခြား ထွက်သွားလို့ ရည်းစားဟောင်းကို အရွဲ့တို-က်ပြီး မိန်းကလေးတွေနဲ့ ONS တွေ နေလိုက် တွဲလိုက် လုပ်နေတဲ့ ** စစ်သခင်** အတွင်းရေးမှူးရဲ့ မင်္ဂလာဆောင်ရှိလို့ မကွေးတိုင်းက လက်ပံကုန်း ရွာလေးကို သွားရာမှ က...
