Unexpected Love (🚨🚨🚨)
Part -28
👉👉👉 🚨🚨🚨 ဗားရှင်းပါနော်။ 🚨မဖတ်သူတွေအတွက် သီးသန့်လေး တင်ပေးထားပါတယ်။
"ဒေါက်... ဒေါက်..."
"ဝင်ခဲ့ပါ..."
"ကို.... ပန်းနုရောက်ပြီ..."
ဦးစစ်ရဲ့ ရုံးခန်းတံခါး ခေါက်သံကြောင့် မှုန် အလုပ်လုပ်နေရာမှ ဝင်ပေါ-က်တံခါးကို လှမ်းကြည့်လိုက်မိသည်။ ဝင်လာသည့်သူက ပန်းနုငယ်သာ။
ပန်းနုငယ်က သားဖြိုးပြသည့် လိုင်းပေါ်က ပုံအတိုင်း ဆံပင် ဂုတ်ဝဲနှင့် အဝတ်အစားကို smart ကျအောင် ဝတ်ဆင်ထား၏။
အခန်းထဲ စဝင်လာတည်းက ပြုံးချိုသော မျက်နှာထားဖြင့် ဝင်လာပြီး ဦးစစ်ကို တရင်းတနှီး နှုတ်ဆက်နေသည်။ ဦးစစ်ကို ခေါ်တာက မက်ဆေ့ပို့တုန်းကလည်း *ကို* ဟုခေါ်၍ အခုလည်း *ကို*ဟု ခေါ်နေသည်။
"ပန်းနုငယ်.... ပြောရတာလည်း အခါတစ်ရာ မကတော့ဘူး... ငါ့ကို ခေါ်တာ ပြင်ဖို့ပြောပေါင်းလည်း မနည်းတော့ဘူး..."
"ကိုကလည်း...."
ပန်းနုငယ်က အရင်တည်းက အဲ့လို အကြောတင်းတင်း မိန်းကလေးမျိုးဖြစ်သည်။ သူ့ရဲ့ မဆင်ခြင်မှုကြောင့် ချာတိတ်ကို စိတ်မရှုပ်စေချင်ပါ။
"ခဏ.... ခဏ.... မင်းနေဦး
ချာတိတ်... ဒီကို ခဏလာပါဦး..."
စစ်တို့ကို လှမ်းကြည့်နေသည့် ချာတိတ်ကို လာဖို့ပြောလိုက်တော့ အပြုံးလေးဖြင့် လှမ်းလာ၏။ စစ်ရဲ့ ချာတိတ်က အရမ်းကို ရင့်ကျက်လို့နေပါသည်။ စစ်အနား လာရပ်သည့် ချာတိတ်လက်ကို ဆွဲကိုင်ရင်း စစ်ပါ မတ်တပ်ထရပ်လိုက်သည်။
"ဒါက ငါ့အမျိုးသမီး... ရွှေမှုန်မိုးစက်တဲ့... မင်းကြောင့် ငါ့မိန်းမကို စိတ်အနှောက်အယှက် မဖြစ်စေချင်ဘူး...
ချာတိတ် ဒါက Asia ဘက်က ကိုယ်စားလှယ်.... ပန်းနုငယ်တဲ့..."
"ကို့ ရည်းစားဦး ဆိုတာပါ ထည့်ပြောမှ ပြည့်စုံမှာပေါ့.... ဟင်း... ဟင်း..."
"မလိုဘူးလေ... ငါ့အတွက် အရေးမပါတာတွေကို ငါ့မိန်းမခေါင်းထဲ အမှိုက်ရှုပ်မခံဘူး...."
YOU ARE READING
Unexpected Love (Completed)
Romance**Unexpected Love ** ရည်းစားက သစ္စာဖောက်ပြီး နိုင်ငံခြား ထွက်သွားလို့ ရည်းစားဟောင်းကို အရွဲ့တို-က်ပြီး မိန်းကလေးတွေနဲ့ ONS တွေ နေလိုက် တွဲလိုက် လုပ်နေတဲ့ ** စစ်သခင်** အတွင်းရေးမှူးရဲ့ မင်္ဂလာဆောင်ရှိလို့ မကွေးတိုင်းက လက်ပံကုန်း ရွာလေးကို သွားရာမှ က...
