Final Part (Unicode) 🚨🚨🚨

56K 944 71
                                        

Unexpected Love (🚨🚨🚨)

Final Part

👉👉👉 🚨🚨🚨 ဗားရှင်းပါနော်။ 🚨မဖတ်သူတွေအတွက် သီးသန့်လေး တင်ပေးထားပါတယ်။

"ချာတိတ်.... ဒီနေ့ အဝတ်အစား fitting ချရမယ်နော်..."

"ချရဦးမှာလား..."

ဦးစစ်က မှုန်တို့ မင်္ဂလာ တစ်နှစ်ပြည့်မှာ ထပ်လုပ်သည့် ဧည့်ခံပွဲနဲ့ ညစာစားပွဲမှာ ဝတ်ဖို့ အဝတ်စားကို နာမည်ကြီး Designer ထံမှာအပ်ထားတာဖြစ်သည်။ Dinner အတွက် မှုန့်ကို သုံးစုံတောင် လဲရမယ်ပြောထား၏။

ဒီအပါတ်ထဲ Designer ဆီရောက်တာ ခဏခဏပင်။ Dinner ဝတ်စုံမလို့ Designer က လှအောင် ဖန်တီးပေးထားသော်လည်း ဦးစစ်က ချေးများလွန်း၏။

ပခုံး အရမ်းပေါ်လို့၊ ရင်ဘတ် အရမ်းဟိုက်လို့၊ ကျောအရမ်းပြောင်လို့နှင့် အမျိုးမျိုး ပြင်ခိုင်းနေတာကြောင့် ခဏခဏ သွားဝတ်ကြည့်နေရသည်။

"ဘယ်လိုလေး မေးနေတာလဲကွာ... အသည်းယားအောင် .. လာဦး ကိုယ့်ပေါင်ပေါ်..."

ဦးစစ်ကို လက်မှတ်ထိုးဖို့ ဖိုင်တွေ သွားပေးသော မှုန့်လက်ကို ဆွဲကာ သူ့ပေါင်ပေါ် ထိုင်ခိုင်းတာကြောင့် မှုန်ကုပ်ကုပ်နဲ့ ဝင်ထိုင်လိုက်ရသည်။

" မျက်နှာလေးက ဘာဖြစ်နေတာလဲ... ပြွတ်စ်..."

"ဦးစစ်နော်... ရုံးခန်းထဲမှာကို ဘယ်လိုဖြစ်နေတာလဲ..."

"ပြွတ်စ်... ဘာဖြစ်လဲ... အဲ့ထက်ပိုတာတောင် ကိုယ်တို့ လုပ်ဖြစ်ကြသေးတာပဲကို..."

"အဲ့ ဦးစစ် အရှက်လည်း မရှိဘူး... ဖယ်တော့... မှုန် အလုပ်လုပ်တော့မယ်...."

"ကိုယ် အားယူဖို့ ခဏ နမ်းပြီးရင် လွှတ်ပေးမယ်.... ပြွတ်စ်... ပြွတ်စ်... ပြွတ်စ်..."

ခဏလို့ပြောပေမယ့် ကျေနပ်သည်အထိ နမ်းပြီးမှသာ မှုန့်နှုတ်ခမ်းတွေကို လွှတ်ပေးတတ်သည်။

"အဲ့ ဦးစစ်... အရမ်းကဲတာ..."

"ချစ်တာကို‌ကွ... ချာတိတ်ရော ကိုယ့်ကို မချစ်ဘူးလား..."

"ချစ်တာပေါ့..."

"ချစ်ရင် နမ်း...."

"ဦးစစ်နော် ညာတာပါတေးနဲ့..."

Unexpected Love (Completed)Where stories live. Discover now